International News: အမြန်စားပြိုင်ပွဲဝင်တဲ့ ဂျပန်အမျိုးသား ထမင်းနင်ပြီး သေဆုံး

ဆေးရုံသို့တင်ပို့ခဲ့ပြီးနောက် သုံးရက်အကြာမှာ သတိပြန်မရတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။

play


ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ အမြန်စားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အမျိုးသားတစ်ဦးဟာ ပြိုင်ပွဲဝင်စဉ် ထမင်းနင်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမည်မဖော်ပြထားတဲ့ အဆိုပါ အမျိုးသားဟာ နိုဝင်ဘာ ၁၃ ရက်က ရှိဂါစီရင်စု ဟိုက်ကိုနီမှာ ကျင်းပတဲ့ အမြန်စားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စဉ် အိုနီဂီရီ (onigiri) ဂျပန်ထမင်းလိပ် ၅ ခုကို သုံးမိနစ်အတွင်း စားနိုင်ရန်ကြိုးပမ်းစဉ် ထမင်းနင်ပြီး အသက်ရှူကျပ်ကာ သတိမေ့မြောသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ရေပန်းစားပြီး အားပေးတဲ့ပရိသတ်များပြားတဲ့ အစားအစာ အမြန်စားပြိုင်ပွဲ ဖြစ်ပါတယ်။

၎င်းကို ဆေးရုံသို့တင်ပို့ခဲ့ပြီးနောက် သုံးရက်အကြာမှာ သတိပြန်မရတော့ဘဲ သေဆုံးသွားခဲ့ကြောင်း ဂျပန်သတင်းတွေက ဖော်ပြပါတယ်။ ဟိုက်ကိုနီမှာ ကျင်းပခဲ့တဲ့ အမြန်စားပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိုနီဂီရီ ဂျပန်ထမင်းလိပ် ၅ ခုကို အချိန်သုံးမိနစ်အတွင်း အကုန်စားရတာ ဖြစ်ပါတယ်။

အစားအစာ အမြန်စားပြိုင်ပွဲများဟာ ဂျပန်မှာ ရေပန်းစားပြီး အားပေးတဲ့ပရိသတ် များပြားပါတယ်။ ကျွမ်းကျင်သူတွေက အမြန်စားပြိုင်ပွဲဝင်တွေဟာ အစာနင်ပြီး အသက်ရှူကျပ်မှု ဖြစ်နိုင်သလို အစာအိမ် သို့မဟုတ် အစာပြွန်ကို ထိခိုက်နိုင်တဲ့ အန္တရာယ်လည်းရှိကြောင်း သတိပေးထားပါတယ်။
Source & Photo: Japan Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ