International News: ကြောင် ၁၄ ကောင်ကို စွန့်ပစ်ထားခဲ့မှုကြောင့် ကြောင်များ အချင်းချင်းပြန်စား

ကြောင်တွေကို စွန့်ပစ်ထားခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးတဲ့ ဗီဒီယိုမှတ်တမ်းအရ နေအိမ်အတွင်း ကြောင်ချေးများ အပါအဝင် အမှိုက်သရိုက် အညစ်အကြေးများဖြင့် ရှုပ်ပွနေကြောင်း သိရပါတယ်။

play
တစ်ကောင်းတည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် ကြောင်ထီးလေး Trooper


သြစတြေးလျနိုင်ငံမှာ အမျိုးသမီးတစ်ဦးက သူမရဲ့ကြောင် ၁၄ ကောင်ကို နေအိမ်မှာ စွန့်ပစ်ပိတ်လှောင်ထားခဲ့ရာ ကြောင်များ အစာရေစာငတ်ပြတ်ပြီး အချင်းချင်း ပြန်စားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကြောင်တွေကို စွန့်ပစ်ထားခဲ့တဲ့ အမျိုးသမီးကို တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ကြောင်တွေကို စွန့်ပစ်ထားခဲ့တဲ့ အမျိုးသမီးရဲနေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။

သြစတြေးလျရဲတပ်ဖွဲ့က နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ အဒဲလ်လိတ်ဒ်ရှိ သူမရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ သေဆုံးနေတဲ့ ကြောင် ၁၃ ကောင်နဲ့ ပိန်လှီပြီး အသက်ရှင်ကျန်ရစ်တဲ့ ကြောင်တစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။

တရားရုံးက ကြောင်တွေကို စွန့်ပစ်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကို ၁၂ လကြာ ကောင်းမွန်စွာနေထိုင်ရန် ခံဝန်ချက်နဲ့ တိရစ္ဆာန်မွေးမြူခွင့် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

  play
တစ်ကောင်းတည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် ကြောင်ထီးလေး Trooper


တစ်ကောင်းတည်း အသက်ရှင်ကျန်ရစ်တဲ့ Trooper အမည်ရှိ ကြောင်းလေးမှာ ယခုအခါ ကျန်းမာရေးကောင်းမွန်လာပြီး သခင်အသစ် ရရှိခဲ့ပြီလို့ ဆိုပါတယ်။ ကြောင်တွေကို စွန့်ပစ်ထားခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးတဲ့ ဗီဒီယိုမှတ်တမ်းအရ နေအိမ်အတွင်း ကြောင်ချေးများ အပါအဝင် အမှိုက်သရိုက် အညစ်အကြေးများဖြင့် ရှုပ်ပွနေကြောင်း သိရပါတယ်။

play
သေဆုံးနေတဲ့ ကြောင်ကို အခြား ကြောင်များက စားထားခဲ့မှု


သေနေတဲ့ ကြောင်တစ်ကောင်ကို အခြား ကြောင်တွေကို စားနေတာကိုလည်း တွေ့ခဲ့ရကြောင်း ဝင်ရောက်စစ်ဆေးခဲ့သူတစ်ဦးက ပြောပါတယ်။ အဆိုပါ ဖြစ်ရပ်အတွင်း ထူးခြားစွာ တစ်ကောင်တည်း အသက်ရှင်ကျန်ရစ်တဲ့ ကြောင်ထီးလေး Trooper ကို အဒဲလ်လိတ်ဒ်မြို့ရှိ မိသားစုတစ်ခုက ခေါ်ယူမွေးမြူလိုက်ကြောင်း သိရပါတယ်။
Source & Photo: BBC
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ