International News: အိုင်အက်စ်တို့ မိုဆူးလ်မြို့တွင်း ဝင်ရောက်တဲ့လမ်းကို အီရတ်လက်နက်ကိုင်များ ထိန်းချုပ်

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ မိုဆူးလ်မြို့အတွင်း အဓိက ဝင်ရောက်ရာလမ်းမကို အီရတ်တပ်ဖွဲ့ရဲ့မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်လိုက်ပါတယ်။

play


အီရတ်အစိုးရတပ်ရဲ့မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က မိုဆူးလ်မြို့အနောက်ပိုင်းရှိ အဓိက လမ်းမကြီးတစ်ခုကို ထိန်းချုပ်လိုက်ကြောင်းနဲ့ အဆိုပါလမ်းဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ မိုဆူးလ်မြို့အတွင်း အဓိက ဝင်ရောက်ရာလမ်းကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

play


အီရတ်အစိုးရကို ကူညီတိုက်ခိုက်ပေးနေတဲ့ Popular Mobilisation (Hashd al-Shaabi) လက်နက်ကိုင်အဖွဲ့က တဲလ်အာဖာနဲ့ ဆင်ဂျာ ဒေသနှစ်ခုကြား ဆက်သွယ်ထားတဲ့ အဓိက လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာပါတယ်။ တဲလ်အာဖာနဲ့ မိုဆူးလ်မြို့ကြား လမ်းပိုင်းနေရာကိုတော့ အိုင်အက်စ်တို့က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

play


ထိုအတောအတွင်း အီရတ်တပ်ဖွဲ့တွေက မိုဆူးလ်မြို့အတွင်း ထိုးဖောက်ဝင်ရောက်ရန် တိုက်ခိုက်လျက်ရှိရာ မြို့တွင်းရှိ တံတားတစ်စင်းကို ထပ်မံ ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ယခုအခါ မိုဆူးလ်မြို့အတွင်း စီးဆင်းနေတဲ့ တီဂရစ်မြစ်ကို ဖြတ်သန်းသွားလာရန် အသုံးပြုနိုင်တဲ့ တံတားတစ်စင်းသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

play


အိုင်အက်စ်တို့က မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း သိမ်းပိုက်ခဲ့ပြီး အခိုင်အမာ ခြေကုပ်ရယူထားခဲ့ပါတယ်။ မိုဆူးလ်မြို့ ပြန်သိမ်းတဲ့ စစ်ဆင်ရေးကို အီရတ်လုံခြုံရေးတပ်ဖွဲ့များ၊ စစ်သားများ၊ ရဲများ၊ ကာဒစ်လက်နက်ကိုင်များ၊ ဆွန်နီအာရပ်မျိုးနွယ်စု လက်နက်ကိုင်များနဲ့ ရှီအာလက်နက်ကိုင်များ အပါအဝင် အင်အား ၅၀,၀၀၀ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့ တိုက်ပွဲအတွင်း အရပ်သား ၁.၅ သန်းအထိ ပိတ်မိနေကြောင်း ကုလသမဂ္ဂက ပြောကြားထားပြီး မြို့တွင်းရှိ တံတားများ ထိခိုက်ပျက်စီးမှုကြောင့် အရပ်သားတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာမှာ အခက်အခဲ ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ