International News: ဗြိတိန် အမျိုးသမီးလွှတ်တော်အမတ်ကို သတ်ခဲ့သူအား ထောင်ဒဏ်တစ်သက် ချမှတ်

ယခုနှစ် ဇွန်လ ၁၆ ရက်မှာ သောမတ်စ်က အမျိုးသမီးလွှတ်တော်အမတ် ဂျူကော့စ်ကို ဓားဖြင့်ထိုး၊ သေနတ်ဖြင့်ပစ်ကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play
အသတ်ခံရသည့် ဗြိတိန် အလုပ်သမားပါတီမှ အမျိုးသမီးလွှတ်တော်အမတ် ဂျူကော့စ်။


ဗြိတိန်နိုင်ငံ လေဘာပါတီမှ အမျိုးသမီးလွှတ်တော်အမတ် ဂျူကော့စ်ကို သတ်ဖြတ်ခဲ့တဲ့ သောမတ်စ်မိုင်ယာကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။

ယခုနှစ် ဇွန်လ ၁၆ ရက်မှာ သောမတ်စ်က အမျိုးသမီးလွှတ်တော်အမတ် ဂျူကော့စ်ကို ဓားဖြင့်ထိုး၊ သေနတ်ဖြင့်ပစ်ကာ သတ်ဖြတ်ခဲ့ပါတယ်။ အသတ်ခံရတဲ့ ဂျူကော့စ်ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးရဲ့မိခင်လည်း ဖြစ်ပါတယ်။

play
ဗြိတိန် အမျိုးသမီးလွှတ်တော်အမတ်ကို သတ်ခဲ့သည့် သောမတ်စ်။


သောမတ်စ်က အမျိုးသမီးအမတ် ဂျူကော့စ်ကို သတ်ခဲ့ချိန်မှာ ဗြိတိန်ဦးစားပေးလို့ အော်ဟစ်ခဲ့ကြောင်းလည်း သိရပါတယ်။ သောမတ်စ်ရဲ့ ပြစ်မှုအကြောင်းရင်းမှာ အမုန်းတရားနဲ့ ရာဇဝတ်မှု ကျူးလွန်းခြင်းဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်ထက် မလျော့တဲ့ လုပ်ရပ်ဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

play
လေဘာပါတီမှ အမျိုးသမီးလွှတ်တော်အမတ် ဂျူကော့စ်။


ဒါ့အပြင် သောမတ်စ်ဟာ တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ဆောင်မှုဖြင့်လည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သောမတ်စ်က လူသတ်မှုကျူးလွန်စဉ် အမျိုးသမီးအမတ်ကို ကူညီရန်ကြိုးပမ်းခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် လူတစ်ဦးကိုလည်း အဆိုပါ လက်နက်ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သောမတ်စ်က ၎င်းရဲ့ပြစ်ဒဏ်ကို အယူခံဝင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ