International News: အသက်အငယ်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးအမျိုးသမီးကို ကုလသံအမတ်အဖြစ် ထရန့် ခန့်အပ်

ထရန့်က နစ်ကီရဲ့ စေ့စပ်ညှိနှိုင်းမှု စွမ်းရည်ကို ချီးကျုးခဲ့ပြီး ကမ္ဘာ့ရေးရာတွေမှာ အမေရိကန်ကို အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့် ခေါင်းဆောင်တစ်ဦး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

play
အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ခန့်အပ်ခြင်းခံရသည့် နစ်ကီဟာလေး


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တောင်ကာရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးကို အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ သူမဟာ ထရန့် ခန့်အပ်နေတဲ့ ဝန်ကြီးအဆင့် အစိုးရအရာရှိများအနက် ပထမဆုံး လူဖြူမဟုတ်သူ အမျိုးသမီးလည်း ဖြစ်လာပါတယ်။

play
အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဒေါ်နယ်ထရန့်


နစ်ကီဟာ အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သမီးဖြစ်ပြီး ထရန့်ရဲ့မဲဆွယ်စည်းရုံးမှုအပေါ် ဝေဖန်ခဲ့သူပါ။ ရီပတ်ဘလစ်ကင်ပါတီတွင်း နာမည်ကျော်ကြားလာသူ အသက် ၄၄ နှစ်အရွယ် နစ်ကီဟာ အမေရိကန်မှာ အသက်အငယ်ဆုံး အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပါတယ်။

play
နစ်ကီဟာလေးမိသားစု


ထရန့်က နစ်ကီရဲ့ စေ့စပ်ညှိနှိုင်းမှု စွမ်းရည်ကို ချီးကျုးခဲ့ပြီး ကမ္ဘာ့ရေးရာတွေမှာ အမေရိကန်ကို အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့် ခေါင်းဆောင်တစ်ဦး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ရီပတ်ဘလစ်ကင်ပါတီ လွှမ်းမိုးထားတဲ့ ဆီးနိတ်လွှတ်တော်က နစ်ကီကို ကုလသမဂ္ဂသံအမတ်အဖြစ် ခန့်အပ်မှုအပေါ် အတည်ပြုသွားရမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့်ကို မဲပေးခဲ့ပေမဲ့ သူမဟာ ထရန့်ပရိသတ်တစ်ယောက် မဟုတ်ကြောင်းနဲ့ ထို့အတူ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်ရဲ့ ပရိသတ်လည်း မဟုတ်ကြောင်း နစ်ကီက ပြောကြားထားပါတယ်။ နစ်ကီဟာ တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ၁၁၆ ယောက်မြောက် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်မှာ စတင် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ