International News: ဂျပန်နိုင်ငံ ဖူကူရှီးမားကမ်းလွန်မှာ ငလျင်လှုပ်

ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံအနီး အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ထပ်မံ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


ဂျပန်နိုင်ငံမှာ ပြင်းအား ၅.၆ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု ယနေ့ (နိုဝင်ဘာ ၂၄ ရက်) လှုပ်ခတ်ခဲ့ကြောင်း US Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ယနေ့ ငလျင်ဟာ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံအနီး အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ထပ်မံ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ငလျင်ဟာ ယနေ့နံနက် ဒေသစံတော်ချိန် ၆း၂၃ က တိုကျိုမြို့ အရှေ့မြောက်ဘက် မိုင် ၁၃၀ အကွာ ဖူကူရှီးမားကမ်းလွန်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ရခြင်း မရှိပါဘူး။

ငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း ထိခိုက်မှုမရှိခဲ့ကြောင်း Tokyo Electric Power ကုမ္ပဏီကို ကိုးကားပြီး NHK သတင်းက ဖော်ပြပါတယ်။ ဂျပန်နိုင်ငံ ဖူကူရှီးမားကမ်းလွန်မှာ နိုဝင်ဘာ ၂၂ ရက်က ပြင်းအား ၆.၉ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပါတယ်။

ဖူကူရှီးမားမှာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ရစ်ခ်ျတာစကေး ၉ အဆင့်ရှိ အင်းအားပြင်းထန်လှတဲ့ ငလျင်လှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၁၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source & Photo: AFP, Earthquake Track

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ