International News: တောင်ကိုရီးယားသမ္မတရုံးခန်းမှာ ဗိုင်ယာဂရာ ကာမအားတိုးဆေးများ တွေ့ရှိ

တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက လက်ရှိဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ရုံးခန်းကို ရှာဖွေစစ်ဆေးရာမှာ ဗိုင်ယာဂရာဆေးများ တွေ့ရှိခဲ့ရပါတယ်။

  play


တောင်ကိုရီးယားမှာ သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးဟာ သမ္မတရုံးခန်းအတွင်း ဗိုင်ယာဂရာ ကာမအားတိုးဆေး တွေ့ရှိခဲ့တဲ့ သတင်းကြောင့် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက လက်ရှိဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ရုံးခန်းကို ရှာဖွေစစ်ဆေးရာမှာ ဗိုင်ယာဂရာဆေးများ တွေ့ရှိခဲ့ရပါတယ်။

play


ဗိုင်ယာဂရာဆေးတွေကို လေယာဉ်ပေါ်ကဲ့သို့ အမြင့်ကိုရောက်ရှိချိန်မှာ ပျို့အန်ပြီး နေမကောင်းဖြစ်မှုအတွက် အသုံးပြုရန် ဝယ်ယူထားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဆိုပါတယ်။

သမ္မတရုံးကလည်း ဗိုင်ယာဂရာဆေး ၃၆၄ လုံး ဝယ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပြီး အလားတူဆေးဝါးတွေကို အရှေ့အာဖရိကခရီးစဉ် သွားရောက်စဉ် အမြင့်မှာဖြစ်တဲ့ နေမကောင်းဖြစ်မှုအတွက် အသုံးပြုရန်ဖြစ်ကြောင်း ပြောပါတယ်။

play


အဆိုပါ ဆေးတွေကို တစ်ကြိမ်မျှ အသုံးမပြုခဲ့ကြောင်းလည်း တောင်ကိုရီးယားသမ္မတရုံးက ဆိုပါတယ်။ ရုံးခန်းအတွင်း ဗိုင်ယာဂရာဆေးများ တွေ့ရှိမှုသတင်းက သမ္မတပတ်ဂွန်ဟေးအတွက် ပိုမိုအကျပ်ရိုက်စေမယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သူမရဲ့သူငယ်ချင်း အမျိုးသမီးကို နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်ပြုခဲ့ရာမှ အဆိုပါ သူငယ်ချင်းက မလျော်သြဇာသုံးပြီး ကုမ္ပဏီကြီးများကို ဖောင်ဒေးရှင်းရန်ပုံငွေများ ထည့်ဝင်ရန် ဖိအားပေးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။ သမ္မတရဲ့သူငယ်ချင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်နှစ်ဦးကို စုံစစ်စစ်ဆေးရေးမှူးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးကြောင့် သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် တောင်ကိုရီးယားပြည်သူ သိန်းနဲ့ချီပြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတပတ်ဂွန်ဟေးကို စစ်ဆေးမေးမြန်းရန် အထူးစုံစမ်းရေးမှူး ခန့်အပ်ခွင့်ကိုလည်း တောင်ကိုရီးယားလွှတ်တော်က အတည်ပြုထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ