AD
AD
AD
play


တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးတွေက အပျက်အစီးများအောက်မှာ ပိတ်မိနေသူတစ်ဦးကို ဆွဲထုတ်ကယ်ဆယ်နိုင်ရန် ကြိုးပမ်းခဲ့ရကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

play


ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက်ပိုင်းက ကျန်ဇီပြည်နယ် ဖန်ချန်းရှိ ဓာတ်အားပေးစက်ရုံမှာ အအေးခံတာဝါ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှု ပြိုကျမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မတော်တဆမှုအတွင်း ဒဏ်ရာရရှိသူ အလုပ်သမား ၅ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

play


တရုတ်နိုင်ငံမှာ သေဆုံးဒဏ်ရာမှုများတဲ့ စက်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး လုပ်ငန်းခွင်လုံခြုံရေး စံချိန်စံညွှန်းမကိုက်ညီမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD