International News: အီရတ်မှာ ထရပ်ကားဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ခန့် သေဆုံး

ဘဂ္ဂဒက်မြို့တောင်ပိုင်း  မိုင် ၆၀ ခန့်အကွာ ဟီလာမြို့ရှိ လောင်စာဆီဆိုင်နဲ့ စားသောက်ဆိုင်မှာ ထရပ်ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

play


အီရတ်နိုင်ငံမှာ ထရပ်ကားဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်မှလာရောက်တဲ့ ရှီအာမွတ်စလင်မ် ဝတ်ပြုဆုတောင်းသူ အများစုအပါဝင် လူ ၁၀၀ ဝန်းကျင်ခန့် သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဘဂ္ဂဒက်မြို့တောင်ပိုင်း  မိုင် ၆၀ ခန့်အကွာ ဟီလာမြို့ရှိ လောင်စာဆီဆိုင်နဲ့ စားသောက်ဆိုင်မှာ ထရပ်ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

play


ဝတ်ပြုဆုတောင်းသူတွေက ရှီအာဘာသာရေးမြို့ ကာဘာလာကိုသွားရောက်တဲ့လမ်းမှာ ခေတ္တရပ်နားစဉ် ထရပ်ကားဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ကားဗုံးပေါက်ကွဲမှုအတွင်း လူ ၄၀ လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

play


ထရပ်ကားပေါ်မှာ အမိုးနီးယားနိုက်ထရိတ်နဲ့ အခြား ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားပြီး လောင်စာဆီဆိုင်မှာ အသေခံဖောက်ခွဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ပိုမိုများပြားခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အွန်လိုင်းမှာ ထုတ်ပြန်ပြောကြားထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ