International News: ရှို့မီးဖြစ်နိုင်တဲ့ အစ္စရေးတောမီးကြောင့် လူပေါင်းသောင်းနဲ့ချီ ထွက်ပြေးရ

တောမီးလောင်မှု ထက်ဝက်ခန့်ဟာ ရှို့မီးဖြစ်နိုင်ကြောင်းနဲ့ တောမီးလောင်တဲ့နေရာတွေမှာ မီးလောင်လွယ်တဲ့ ပစ္စည်းနဲ့ လောင်စာအရည်များ လောင်းချထားမှုကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

play


အစ္စရေးနိုင်ငံရဲ့ တတိမြောက်အကြီးဆုံးမြို့ ဟိုင်ဖာကို တောမီးများ ကူးစက်လောင်ကျွမ်းလာမှုကြောင့် မြို့ခံ ၈၀,၀၀၀ ခန့် ၎င်းတို့ရဲ့နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။ ၂ လကြာ ပူပြင်းခြောက်သွေ့နေခဲ့ပြီးနောက် တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး ဟိုင်ဖာမြို့မြောက်ဘက်မှာ လေပြင်းတိုက်ခိုက်မှုကြောင့်လည်း တောမီးလောင်မှုကို ပိုမိုအားကောင်းစေခဲ့ပါတယ်။

အစ္စရေးနိုင်ငံမှာ တောမီးများလောင်ကျွမ်းနေမှု ဖြစ်ပါတယ်။


အစ္စရေးမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ဂျေရုဆလင်မ်နဲ့ အနောက်ဘက်ကမ်းခြေရှိ နေအိမ်တွေကိုလည်း ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ ယခု ဖြစ်ပွားတဲ့ တောမီးလောင်မှုဟာ တမင်ရည်ရွယ်တဲ့ ရှို့မီးဖြစ်နိုင်ကြောင်း အစ္စရေးရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားထားပြီး ဝန်ကြီးချုပ်နက်တန်ယာဟူက ထိုကဲ့သို့လုပ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကြောင်း ပြောပါတယ်။

play


အစ္စရေးနယ်မြေ အစိတ်အပိုင်းတွေမှာ မီးရှို့ရန်ကြိုးပမ်းသူ မည်သူမဆို အပြစ်ပေးအရေးယူခံရမယ်လို့လည်း ဝန်ကြီးချုပ်နက်တန်ယာဟူက ဆိုပါတယ်။ တောမီးလောင်မှုနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထားကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးဂီလက်ဒ်အာဒန်က Channel 10 ရုပ်မြင်သံကြား သတင်းဌာနကို ပြောကြားပါတယ်။

play


တောမီးလောင်မှု ထက်ဝက်ခန့်ဟာ ရှို့မီးဖြစ်နိုင်ကြောင်းနဲ့ တောမီးလောင်တဲ့နေရာတွေမှာ မီးလောင်လွယ်တဲ့ ပစ္စည်းနဲ့ လောင်စာအရည်များ လောင်းချထားမှုကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားပါတယ်။

အကြမ်းဖက်မှုပုံစံသစ်အတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း အစ္စရေး ပြည်သူ့လုံခြုံရေးဝန်ကြီးက ပြောကြားခဲ့ပြီး တောမီးလောင်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ