International News: တရုတ်နဲ့ တာဂျစ်ကစ္စတန်နယ်စပ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်

ငလျင်ဟာ ရှင်ကျန်းပြည်နယ်တောင်ပိုင်းနဲ့ ဗဟိုအာရှဒေသ နယ်စပ်အနီးမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံ အနောက်ပိုင်းစွန်းရှိ တောင်တန်းဒေသမှာ ပြင်းအား ၆.၅ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု နိုဝင်ဘာ ၂၅ ရက် ညပိုင်းက လှုပ်ခတ်ခဲ့ကြောင်း US Geological Survey က ဖော်ပြပါတယ်။ ငလျင်ဟာ ရှင်ကျန်းပြည်နယ်တောင်ပိုင်းနဲ့ ဗဟိုအာရှဒေသ နယ်စပ်အနီးမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံ ကက်ရှ်ဂါမြို့မှ ၁၀၆ မိုင်အကွာ တာဂျစ်ကစ္စတန်နယ်စပ်အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ကနဦးသတင်းများအရ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်သေဆုံးမှု မရှိကြောင်း ဆင်ဟွာသတင်းက ပြောပါတယ်။
Source & Photo: USGS, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ