International News: အီရန်မှာ ရထားတိုက်မှုကြောင့် လူအများအပြား သေဆုံး

တီဟီရန်မြို့အရှေ့ဘက် မိုင် ၁၅၀ ခန့်အကွာမှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာရဲ့ အပူချိန်ဟာ သုညအောက်ရောက်တဲ့အထိ အေးခဲနေပါတယ်။

play


အီရန်နိုင်ငံမြောက်ပိုင်းမှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၄ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။  နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့နှစ်မြို့ကြား ပြေးဆွဲတဲ့ အမြန်ရထားဟာ ဘူတာနှစ်ခုကြား စက်ချို့ယွင်းရပ်တန့်သွားခဲ့ရာမှာ အခြား ရထားတစ်စင်းက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

play


ရထားတိုက်မှုကြောင့် အမြန်ရထားရဲ့ လူစီးတွဲလေးတွဲ လမ်းချော်သွားခဲ့ပြီး နှစ်တွဲမှာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။ တီဟီရန်မြို့အရှေ့ဘက် မိုင် ၁၅၀ ခန့်အကွာမှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာရဲ့ အပူချိန်ဟာ သုညအောက်ရောက်တဲ့အထိ အေးခဲနေပါတယ်။

play


သေဆုံးသူတွေအနက် လေးဦးဟာ ရထားလမ်းဝန်ထမ်းတွေဖြစ်ကြောင်း အီရန်အစိုးရသတင်းက ဖော်ပြပါတယ်။ သေဆုံးသူ ၃၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိအတည်ပြုခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော်ကို ဆေးရုံတင်ထားရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက်ရီဇာခါဘက်ဇ်က ပြည်တွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

စက်ချို့ယွင်းမှုကြောင့် မြို့နှစ်မြို့ကြား ပြေးဆွဲတဲ့ အမြန်ရထားဟာ ထိုးရပ်သွားခဲ့တာဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

တီဟီရန်မြို့တော်နဲ့ နိုင်ငံအရှေ့မြောက်ပိုင်း မက်ရှ်ဟက်ဒ်မြို့ကြား ဆက်သွယ်သွားထားတဲ့ အဓိက ရထားလမ်းကြောင်း ဖြတ်သန်းရာ အီရန်မြောက်ပိုင်း ဆမ်နန်ပြည်နယ်အတွင်းမှာ ရထားတိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရထားတိုက်မှုဖြစ်တဲ့ နေရာဒေသဟာ ဝေးလံသီခေါင်တဲ့ နေရာဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နှောင့်နှေးခဲ့ရပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ