International News: ဒူတာတေးက အဘူဆေယက်ဖ်သူပုန်များကို ဆွေးနွေးရန် ကမ်းလှမ်း

ဒူတာတေးက အဘူဆေယက်ဖ်သူပုန်အုပ်စုကို ချေုမှုးပစ်မယ်လို့ အစောပိုင်းမှာ ကြုံးဝါးထားခဲ့ပေမဲ့ ယခုအခါ ဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်သမ္မတဒူတာတေးက အဘူဆေယက်ဖ်သူပုန်များကို ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတွေ ရပ်တန့်ပြီး ၎င်းနဲ့တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန် ပြောကြားလိုက်ကြောင်း သိရပါတယ်။

ဒူတာတေးက အဘူဆေယက်ဖ်သူပုန်အုပ်စုကို ချေုမှုးပစ်မယ်လို့ အစောပိုင်းမှာ ကြုံးဝါးထားခဲ့ပေမဲ့ ယခုအခါ ဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

play
ဒူတာတေးနှင့် ဖိလစ်ပိုင်စစ်သားများ


ပြီးခဲ့တဲ့ လအနည်းငယ်က အဘူဆေယက်ဖ်အုပ်စုနဲ့ ငြိမ်းချမ်းရေးဖြင့် ဆွေးနွေးဖြေရှင်းစရာ မရှိကြောင်း သမ္မတဒူတာတေးက ပြောကြားထားခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းမှာ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ချထားပြီး စစ်ဆင်ရေးဆောင်ရွက်နေပေမဲ့ အဘူဆေယက်ဖ်အုပ်စုရဲ့ ပြန်ပေးဆွဲမှုတွေကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိမှုနဲ့ တိုက်ပွဲအတွင်း အရပ်သားများ ကြားညှပ်နေမှုတွေကြောင့် စစ်ပွဲဟာ အဖြေမဟုတ်ကြောင်း ဒူတာတေးက ပြောကြားလာခဲ့ပါတယ်။

play
အဘူဆေယက်ဖ်သူပုန်များ


အဘူဆေယက်ဖ်သူပုန်တွေနဲ့ တိုက်ပွဲများအတွင်း ဒဏ်ရာရခဲ့တဲ့ ဖိလစ်ပိုင်စစ်သားတွေကို သွားရောက်ကြည့်ရှုစဉ် သမ္မတဒူတာတေးက ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဘူဆေယက်ဖ်နဲ့ ဆွေးနွေးရန် မည်သည့်နေရာမဆို ၎င်းတစ်ယောက်တည်း သွားရောက်နိုင်ကြောင်းလည်း ဒူတာတေးက ဆိုပါတယ်။

အဘူဆေယက်ဖ်သူပုန်အုပ်စုက ဖိလစ်ပိုင်တောင်ပိုင်း ဂျိုလိုနဲ့ ဘက်စီလန်တို့မှာ အခိုင်အမာ ခြေကုပ်ယူထားပြီး နိုင်ငံခြားသား အများစုအပါအဝင် ဓားစာခံ ၂၂ ဦးကို ဖမ်းဆီးထားကာ ပြန်ပေးရွေးငွေများ တောင်းဆိုထားပါတယ်။ အဘူဆေယက်ဖ်တို့က ယခုနှစ်အစောပိုင်းမှာ ကနေဒါလူမျိုး ဓားစာခံနှစ်ဦးကို ပြန်ပေးရွေးငွေ မပေးမှုကြောင့် ခေါင်းဖြတ်သတ်ခဲ့ရာ နိုင်ငံတကာက ရှုတ်ချခဲ့ကြပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ