International News: ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ အီလက်ထရောနစ်စီးကရက် ပေါက်ကွဲမှုဖြစ်ပွား

ခြေထောက်၊ ပေါင်နဲ့ လက်တွေကို မီးစွဲလောင်သွားခဲ့ရပါတယ်။

play

နိုဝင်ဘာ ၂၃ ရက်က နယူးယော့ခ်မြို့ရှိ ဝိုင်စတိုးတစ်ခုမှာ အီလက်ထရောနစ်စီးကရက်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် စတိုးဆိုင်ဝန်ထမ်းအမျိုးသားရဲ့ ဘောင်းဘီထဲမှာထည့်ထားတဲ့ အီလက်ထရောနစ်စီးကရက်က ရုတ်တရက်ပေါက်ကွဲခဲ့တာပါ။

play

 

ပေါက်ကွဲမှုကြောင့် မီးတောက်များထွက်ပေါ်လာပြီး ယင်းအမျိုးသားရဲ့ ခြေထောက်၊ ပေါင်နဲ့ လက်တွေကို မီးစွဲလောင်သွားခဲ့ရပါတယ်။ မီးလောင်နေတဲ့ အီလက်ထရောနစ်စီးကရက်ကို ဖယ်ရှားဖို့ကြိုးစားရင်း သူ့ရဲ့လက်တွေကိုပါ မီးလောင်ခံလိုက်ရတာဖြစ်ပါတယ်။ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ မီးကူးစက်မခံရပေမဲ့ သူ့ကိုတော့ ဆေးရုံတင်လိုက်ရပါတယ်။ မီးလောင်ခံရတဲ့ အမျိုးသားကို ခွဲစိတ်မှုလည်း ပြုလုပ်ရမယ်လို့ သိရပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ