International News: တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြပွဲ ဆိုးလ်မှာပြုလုပ်

, updated

မွန်းလွဲပိုင်းမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ ညပိုင်းမှာ ပြည်သူ ၁.၅ သန်းအထိ ပါဝင်လာနိုင်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ခန့်မှန်းခဲ့ပါတယ်။

play


တောင်ကိုရီးယားနိုင်ငံမှာ သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုများ ဆက်လက် ပေါ်ပေါက်လျက်ရှိရာ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုမှာ ပြည်သူအများဆုံးပါဝင်တဲ့ အကြီးမားဆုံး ဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။

 

ဆိုးလ်မြို့မှာ ရေခဲမတတ် အေးနေပေမဲ့ ဆန္ဒပြပြည်သူတွေက သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရန် လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဒရမ်များတီးပြီး 'ပတ် ချက်ချင်းထွက်' လို့ သံပြိုင်ကြွေးကြော်ကာ သမ္မတအိမ်ပြာတော်ဆီသို့ ချီတက်ခဲ့တယ်လို့ ဆိုပါတယ်။

play


ယနေ့ ညနေအစောပိုင်း အနေအထားအရ သမ္မတနုတ်ထွက်ရေး ဆန္ဒပြမှုမှာ ပြည်သူ ၈၀၀,၀၀၀ ပါဝင်ခဲ့ကြောင်းနဲ့ ညပိုင်းမှာ ပြည်သူ ၁.၅ သန်းအထိ ပါဝင်လာနိုင်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ခန့်မှန်းခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြပွဲမှာ ပါဝင်သူအရေအတွက်ကို ပြောဆိုရန် ငြင်းဆိုထားပြီး တပ်ဖွဲ့ဝင် ၂၅,၀၀၀ ကို ဆိုးလ်မြို့မှာချထားကြောင်း ပြောကြားပါတယ်။ ယနေ့ ပြုလုပ်တဲ့ သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရန် ဆန္ဒပြမှုဟာ ၅ ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရပါတယ်။

play


ဆိုးလ်မြို့အပြင် အခြား ဒေသတွေမှာလည်း သမ္မတနုတ်ထွက်ရန် ပြည်သူ ၅၀၀,၀၀၀ က ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကို နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ရာမှ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

play


ချိုဆွန်ဆေးလ်က သမ္မတနဲ့သူငယ်ချင်းဖြစ်မှုကို အသုံးချပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်ကြီးတွေကို သူမရဲ့ ဖောင်ဒေးရှင်တွေမှာ ရန်ပုံငွေထည့်ဝင်ကြရန် ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောထားပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ