International News: နယ်သာလန်မှာ ငှက်တုပ်ကွေးကြောင့် ဘဲကောင်ရေ နှစ်သိန်းနီးပါးကို သုတ်သင်

နယ်သာလန်မှာ တွေ့ရှိရတဲ့ ငှက်တုပ်ကွေး အမျိုးအစားကိုမူ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

play


နယ်သာလန်မှာ ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ မွေးမြူရေးခြံ ၆ ခြံမှ ဘဲအကောင်ရေ ၁၉၀,၀၀၀ ကို နိုဝင်ဘာ ၂၆ ရက်က ရှင်းလင်းသုတ်သင်ခဲ့ကြောင်း သိရပါတယ်။ နယ်သာလန်မှာ ငှက်တုပ်ကွေးကြောင့် ရှင်းလင်းသုတ်သင်ရမှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

play


အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီနဲ့ ဆွီဒင်တို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း H5N8 ငှက်တုပ်ကွေးအမျိုးအစား တွေ့ရှိထားကြောင်း သိရပါတယ်။ နယ်သာလန်မှာ တွေ့ရှိရတဲ့ ငှက်တုပ်ကွေး အမျိုးအစားကိုမူ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ငှက်တုပ်ကွေး ဖြစ်ပွားမှုကို အမ်စတာဒမ်မြို့နဲ့ ၄၃ မိုင်အကွာ ဘစ်ဒင်ဟူဇင်းကျေးရွာရှိ မွေးမြူရေးခြံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ ကမ္ဘာမှာ စိုက်ပျိုးမွေးမြူးရေးထွက်ကုန် တင်ပို့မှု ဒုတိယအများဆုံးဖြစ်ပြီး ကြက်၊ ဘဲ၊ ဝက်၊ နွားနဲ့ သိုး အကောင်ရေ သန်း ၁၀၀ ကျော်ကို နိုင်ငံတစ်ဝန်း မွေးမြူရေးခြံတွေမှာ မွေးမြူးထားပါတယ်။

နယ်သာလန်မှာ ၁၉၉၇ ခုနှစ်ကစပြီး ဝက်တုပ်ကွေး၊ ခွာနာလျှာနာနဲ့ နွားရူးရောဂါ ဖြစ်ပွားမှုတို့ကြောင့် ကြက်၊ ဘဲ၊ နွား၊ ဆိတ်၊ ဝက်နဲ့ သိုးအကောင်ရေ သန်း ၄၀ ကို ရှင်းလင်းသုတ်သင်ခဲ့ပြီ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ