AD
AD
AD
play


ဆီးရီးယားအစိုးရတပ်ဖွဲ့က အလက်ပိုမြို့မှာ သူပုန်များ ထိန်းချုပ်ထားခဲ့တဲ့ အကြီးဆုံးဒေသကို ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောကြားပါတယ်။ ဆီးရီးယားတပ်ဖွဲ့က အလက်ပိုမြို့ အရှေ့မြောက်ပိုင်းရှိ မက်ဆာကင်ဟာနန်နို ဒေသကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အလက်ပိုမြို့မှာ သူပုန်များထိန်းချုပ်ထားတဲ့ အကြီးဆုံးဒေသကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ပြန်သိမ်းခဲ့ပါတယ်။


ဆီးရီးယားအစိုးရက အလက်ပိုမြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လည် စတင်ခဲ့ပြီး မြို့တွင်းမှာ လူ ၂၇၅,၀၀၀ ခန့် ရှိနေကြောင်း သိရပါတယ်။

အလက်ပိုမြို့သိမ်း တိုက်ပွဲများအတွင်း အရပ်သား ၂၁၉ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်အဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေအနက် ကလေးငယ် ၂၇ ဦး ပါဝင်ကြောင်းလည်း အဆိုပါအဖွဲ့က ဖြည့်စွက် ပြောပါတယ်။

play


တိုက်ပွဲများဖြစ်နေတဲ့ အလက်ပိုမြို့မှာ ဆေးဝါးအထောက်အပံ့နဲ့ အစားအစာ ပြတ်လပ်နေကြောင်းလည်း သတင်းများက ဖော်ပြပါတယ်။ ဆီးရီးယားအစိုးရတပ်ဖွဲ့က ပြန်သိမ်းလိုက်နိုင်တဲ့ မက်ဆာကင် ဟာနန်နိုဒေသကို သူပုန်တပ်ဖွဲ့တွေက ၂၀၁၂ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

play


ယခုအခါ အဆိုပါဒေသကို ဆီးရီးယားတပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားပြီး မိုင်းများနဲ့ ဗုံးများကို ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း အစိုးရပိုင် ဆာနားသတင်းဌာနက ပြောပါတယ်။

အလက်ပိုမြို့ရဲ့ နေရာဒေသအားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းက ၆ နှစ်ခွဲကျော် ဖြစ်ပွားနေတဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတအာဆတ်အတွက် အဓိက အောင်ပွဲတစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။
Source & Photo: AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD