play

 

မန္တလေးမြို့၊ ဘူတာကြီးနားက သံလမ်းဘေးကျူးကျော်တဲတွေမှာ နေထိုင်တဲ့ အသက်ခုနှစ်နဲ့ လေးနှစ်အရွယ်မောင်နှမ နှစ်ဦးကို အသက် ၄၀နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်မှု နိုဝင်ဘာလ ၂၇ ရက် မနက် ၁၀ နာရီကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်နှစ်ဦးရဲ့ မိဘတွေက ကျူးကျော်တဲမှာနေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေဖြစ်ပြီး မိဘတွေမရှိတဲ့ အချိန်မှာဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို မီးရထား ရဲတပ်ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၃၇၆/၃၇၇တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆိုမှုတွေ လုပ်သွားမယ်လို့ ကဉ္ဇနမဟီရပ်ကွက် အုပ်ချပ်ရေးမှူး ဦးအောင်လွင်ချစ်က ပြောပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video