International News: အလက်ပိုရှိ သူပုန်များထိန်းချုပ်ရာ ဒုတိယမြောက်ဒေသကို ဆီးရီးယားတပ်ဖွဲ့ သိမ်းပိုက်

အလက်ပိုမြို့အရှေ့ပိုင်းကို ဆီးရီးယားစစ်တပ်က ထိုးဖောက်ဝင်ရောက်လာခဲ့ရာ မြို့အတွင်းရှိနေတဲ့ အရပ်သားများမှာ အစိုးရထိန်းချုပ်ရာ ဒေသများကို ထွက်ပြေးခဲ့ကြပါတယ်။

play


ဆီးရီးယားတပ်ဖွဲ့တွေက အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ထားတဲ့ ဒုတိယမြောက် ဒေသတစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေက ဂျဘဲလ်ဘက်ဒရိုဒေသကို အပြည့်အဝ ပြန်သိမ်းနိုင်ပြီလို့ သိရပါတယ်။

အလက်ပိုမြို့မှာ သူပုန်များထိန်းချုပ်ထားတဲ့ အကြီးဆုံးဒေသကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ပြန်သိမ်းခဲ့ပါတယ်။

 

အစောပိုင်း နာရီအတန်ကြာက ဟာနန်နိုဒေသကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ကြေညာခဲ့ပြီး သူပုန်များကလည်း အဆိုပါဒေသကို လက်လွှတ်ခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။ အလက်ပိုမြို့အရှေ့ပိုင်းကို ဆီးရီးယားစစ်တပ်က ထိုးဖောက်ဝင်ရောက်လာခဲ့ရာ မြို့အတွင်းရှိနေတဲ့ အရပ်သားများမှာ အစိုးရထိန်းချုပ်ရာ ဒေသများကို ထွက်ပြေးလာကြကြောင်း သိရပါတယ်။

play


လူဦးရေ ၂၇၅,၀၀၀ ဝန်းကျင်ရှိတဲ့ အလက်ပိုမြို့အရှေ့ပိုင်းကို ဆီးရီးယားစစ်တပ်က ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယခုအခါ ၁၃ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အဆိုအရ အလက်ပိုမြို့သိမ်း တိုက်ပွဲများအတွင်း ကလေးငယ် ၂၇ ဦး အပါအဝင် အရပ်သား ၂၁၉ ဦး သေဆုံးခဲ့ကြောင်း ပြောကြားထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ