International News: အမေရိကန်နိုင်ငံ နယူးအော်လန်းစ်မြို့မှာ ပစ်ခတ်မှုဖြစ်

ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာမှာ ဘားဆိုင်များဖြင့် စည်းကားပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားကြောင်း သိရပါတယ်။

play


အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လန်းစ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၁း၄၀ ဝန်းကျင်မှာ နယူးအော်လန်းစ်မြို့ ဘိုဘွန်းနဲ့ အိုဘာဗီလီ လမ်းထောင့်မှာ သေနတ်သမားက ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


သေနတ်ဖြင့်ပစ်ခတ်ခံရသူများမှာ အသက် ၂၀ မှ ၃၇ နှစ်ကြားအရွယ်ရှိ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်ကိုင်ဆောင်ထားသူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တစ်ဦးမှာ ပစ်ခတ်ခံရသူ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာမှာ ဘားဆိုင်များဖြင့် စည်းကားပြီး ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားကြောင်း သိရပါတယ်။
Source & Photo: USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ