International News: ဖီဒယ်လ်ကတ်စထရိုအတွက် ၀မ်းနည်းခြင်းကာလ သုံးရက်သတ်မှတ်ကြောင်း မြောက်ကိုရီးယားကြေညာ

ကျူးဘားနိုင်ငံကို လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဖီဒယ်လ်ကတ်စရိုဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

play

ကျူးဘားနိုင်ငံရဲ့ ခေါင်းဆောင်ဟောင်း ဖီဒယ်လ်ကတ်စထရို ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးခြင်းကာလ သုံးရက် သတ်မှတ်ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သင့်တင့်ခြင်းမရှိခဲ့တဲ့ ကျူးဘားနိုင်ငံအပေါ် မြောက်ကိုရီးယားဘက်က ရဲဘော်ရဲဘက်အဖြစ်နဲ့ ရှိနေကြောင်း ပြသလိုဟန်ရှိပါတယ်။

play

 

မြောက်ကိုရီးယားနိုင်ငံတွင်းရှိ အစိုးရရုံးများရဲ့ အပြင်ဘက်မှာ ဖီဒယ်လ်ကတ်စထရိုအတွက် ဝမ်းနည်းကြောင်း ဖော်ပြတဲ့အနေနဲ့ အလံတစ်ဝက်ချထားမယ်လို့ အစိုးရဲ့ကြေညာချက်မှာ ပါရှိပါတယ်။ ပြုံယမ်းသတင်းဌာနများရဲ့ အဆိုအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ကျူးဘားသံရုံးကို လွမ်းသူ့ပန်းခွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယား အရာရှိအချို့ကလည်း ဖီဒယ်လ်ကတ်စထရိုရဲ့ ဈာပနကို တက်ရောက်ဖို့ ဟာဗားနားကို ထွက်ခွာသွားကြပါတယ်။  ကျူးဘားနိုင်ငံရဲ့ ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်လ်ကတ်စထရိုဟာ နိုဝင်ဘာ ၂၅ ရက် ညက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Source : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ