International News: ရေခဲပြင်အောက်မှာ ငါးတွေကိုအေးခဲထားတဲ့ ဂျပန်စကိတ်ကွင်းပိတ်သိမ်းခံရ

စကိတ်ကွင်းကိုလာရောက်သူတွေကလည်း ဒီမြင်ကွင်းကို မနှစ်မြို့ကြပါဘူး။

play

ဂျပန်နိုင်ငံက ရေခဲပြင်စကိတ်ကွင်းတစ်ခုမှာ အရေအတွက်ထောင်ချီတဲ့ငါးတွေကို အေးခဲပြီး အလှဆင်ထားတာကို တွေ့ရှိပြီးတဲ့နောက်မှာ အစိုးရက ပိတ်သိမ်းခိုင်းလိုက်ပါတယ်။ ဒီစကိတ်ကွင်းကို နိုဝင်ဘာ ၁၂ ရက်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။

play

 

Kitakyushu မြို့မှာရှိတဲ့ Space World ကစားကွင်းရဲ့ ရေခဲပြင်စကိတ်ကွင်းအောက်မှာ ငါးအမျိုးအစား ၂၅ မျိုးကို ထည့်သွင်းထားပါတယ်။ ကြည်လင်တဲ့ရေခဲပြင်ကြောင့် ငါးအကောင်ရေ ၅၀၀၀ ကို မြင်နေရပြီး ယင်းရေခဲပြင်ပေါ်မှာ စကိတ်စီးနိုင်အောင် အလှဆင်ဖန်တီးထားတာပါ။

play

 

စကိတ်ကွင်းကို သွားရောက်ခဲ့သူတွေထံက ဝေဖန်သံတွေ အင်တာနက်ပေါ်ရောက်လာပြီးနောက်မှာ အာဏာပိုင်တွေက ပိတ်သိမ်းစေခဲ့တာဖြစ်ပါတယ်။ Space World ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့က ငါးအသေတွေကို ဝယ်ယူထည့်သွင်းထားတာဖြစ်တယ်လို့ စောဒကတက်ပေမဲ့ နိုဝင်ဘာ ၂၇ ရက်မှာ ပိတ်သိမ်းခဲ့ရပါတယ်။

Source : Sky News

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ