International News: ဆီးရီးယားတပ်ဖွဲ့က သူပုန်များထိန်းချုပ်တဲ့ အလက်ပို ဒေသတစ်ခုကို ထပ်မံသိမ်းပိုက်

အလက်ပိုရှိ သူပုန်များထိန်းချုပ်ထားရာ ဒေသတွေကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့တွေက သူပုန်များလက်အောက်မှ ဒေသတွေကို သိမ်းပိုက်လာခဲ့ပါတယ်။

play


ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့က အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ထားရာ တတိယမြောက် ဒေသတစ်ခုကို ထပ်မံ သိမ်းပိုက်လိုက်ကြောင်း စစ်ပွဲစောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ တိုက်ပွဲများ ဖြစ်ပွားနေမှု

 

အလက်ပိုရှိ သူပုန်များထိန်းချုပ်ထားရာ ဒေသတွေကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့တွေက သူပုန်များလက်အောက်မှ ဒေသတွေကို သိမ်းပိုက်လာခဲ့ရာ ဆီးရီးယားသမ္မတအာဆတ်ကို လက်နက်ကိုင်ဆန့်ကျင်သူတွေအတွက် အထိနာစေခဲ့ပါတယ်။

play


ဆီးရီးယားစစ်တပ်က မိုင်းများနဲ့ ဖောက်ခွဲရေးပစ္စည်းများကို ဖယ်ရှားရှင်းလင်းပြီး အလက်ပိုအရှေ့ပိုင်းဒေသတွေကို ဆက်လက် ထိုးဖောက်ဝင်ရောက်နေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။ ဆီးရီးယားအရှေ့ပိုင်းရှိ ထောင်နဲ့ချီတဲ့ မြို့ခံများမှာ တိုက်ခိုက်မှုများနဲ့လွတ်ရာ နေရာဒေသများသို့ ထွက်ပြေးနေကြကြောင်းလည်း သိရပါတယ်။

play


တိုက်ပွဲများဖြစ်နေတဲ့ အလက်ပိုမြို့မှာ ဆေးဝါးအထောက်အပံ့နဲ့ အစားအစာ ပြတ်လပ်မှုဖြစ်နေကြောင်း စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

play


ဆီးရီးယားအစိုးရက အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ ဒေသတွေကို ပြန်လည် သိမ်းပိုက်ရန် စစ်ဆင်ရေး ဆောင်ရွက်ခဲ့မှုအတွင်း အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၇ ဦး အပါအဝင် အရပ်သား ၂၁၉ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောကြားထားပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ