AD
AD
AD
play


တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားကို ၎င်းရဲ့ပါတီ ANC ခေါင်းဆောင်များက အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်မှု ပြုလုပ်ကြောင်း သိရပါတယ်။ သမ္မတဇူးမားကို ယခင်က လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းကာ မဲခွဲမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ၎င်းရဲ့ အာဏာရပါတီ ANC က ဟန့်တားခဲ့ပါတယ်။

play


ယခုတစ်ကြိမ်မှာတော့ ANC ပါတီက ဇူမားကို သမ္မတရာထူးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အယုံအကြည်မရှိကြောင်း အဆိုတင်ပြီး အချေအတင် ဆွေးနွေးမဲခွဲမှု ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ANC ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်ကြတဲ့ သမ္မတဇူးမားအပေါ် အယုံအကြည်မရှိအဆိုကို ဆွေးနွေးမှုအား ခရီးသွားလုပ်ငန်းဝန်ကြီး ဒါရက်ဟန်နီကွမ်က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

ခရီးသွားလုပ်ငန်း ဝန်ကြီးရဲ့အဆိုကို အနည်းဆုံး အခြား ဝန်ကြီးနှစ်ဦးကလည်း ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ တောင်အာဖရိကသမ္မတ ဇူးမားဟာ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းကြီးနဲ့ ဆက်ဆံမှုအပေါ် အကျင့်ပျက်ခြစားကြောင်း ဝေဖန်မှုများ တွေ့ကြုံနေရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD