International News: စပိန်မှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်သူလေးဦးကို ဖမ်းဆီး

စပိန်မှာ ဖမ်းဆီးလိုက်သူ လေးဦးဟာ ပါရီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းသမားနှစ်ဦး ဥရောပကိုဝင်ရောက်နိုင်ရန် တရားမဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

play


စပိန်နိုင်ငံမှာ ရဲတပ်ဖွဲ့က အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်ကြောင်း သံသယရှိသူ အမျိုးသားလေးဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ဖမ်းဆီးလိုက်သူ လေးဦးဟာ အိုင်အက်က်စ်အဖွဲ့က ဥရောပမှာ ဂျီဟတ်ဆင်နွှဲရန် အသုံးချခဲ့တဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးတဲ့အဖွဲ့နဲ့ ပတ်သက်ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

play
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှု


စပိန်မှာဖမ်းဆီးခဲ့သူ လေးဦးဟာ သြစတြီးယားနိုင်ငံ ဆဲလ်ဘတ်မြို့မှာ ဖမ်းဆီးခဲ့တဲ့ အိုင်အက်စ်အကြမ်းဖက်သမား နှစ်ဦးအနက် အနည်းဆုံးတစ်ဦးနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က လူ ၁၃၀ သေဆုံးခဲ့တဲ့ ပါရီမြို့တိုက်တိုက်မှု ဖြစ်ပွားပြီး မကြာမီမှာ ဆဲလ်ဘတ်မှာ အိုင်အက်စ် အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


ပါရီတိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး အယ်လ်ဂျီးရီးယားလူမျိုး အဒဲလ်ဟက်ဒါဒီနဲ့ ပါကစ္စတန်လူမျိုး မိုဟာမက်အူစမန်းတို့ကို ဆဲလ်ဘတ်မှာ ယမန်နှစ် ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦးဟာ ဂရိနိုင်ငံ လီရော့စ်ကျွန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃ ရက်က စက်လှေဖြင့် ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါစက်လှေမှာ ၎င်းတို့နှစ်ဦးနဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း Stade de France အားကစားကွင်း အပြင်ဘက်မှာ အသေခံဗုံးဖောက်ခွဲခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးလည်း လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

စပိန်မှာ ယနေ့ ဖမ်းဆီးလိုက်သူ လေးဦးဟာ ပါရီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဟက်ဒါဒီနဲ့ အူစမန်းတို့အတွက် ဥရောပကိုဝင်ရောက်နိုင်ရန် တရားမဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ