AD
AD
AD
play


ဂျပန်နိုင်ငံမှ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ထွက်ရှိခဲ့တဲ့ ရေဒီယိုသတ္တိကြွဓာတ်များ ရှင်းလင်းရေးပြုလုပ်ရန်နဲ့ ရေဒီယိုသတ္တိကြွမှု သက်ရောက်ခံရသူတွေကို လျော်ကြေးပေးရန်အတွက် ကုန်ကျစရိတ်မှာ နှစ်ဆကျော် မြင့်တက်သွားခဲ့ကြောင်း အစိုးရက ခန့်မှန်းပါတယ်။

၂၀၁၁ ခုနှစ် မတ်လက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု


ဖူကူရှီးမားအတွက် ကုန်ကျစရိတ်ဟာ ဂျပန်ယန်းငွေ ၂၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ) အထိ ကုန်ကျနိုင်ကြောင်း ဂျပန်ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ယခုနောက်ဆုံး ခန့်မှန်းချက်အရ သိရှိရပါတယ်။ မူလက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားခဲ့ပေမဲ့ သုံးနှစ်အကြာမှာ ဒေါ်လာ ၁၀၀ ဘီလီယံကျော် မြင့်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

play


ကုန်ကျစရိတ်များအနက် အများစုမှာ လျော်ကြေးပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်မှုကြောင့် ဖူကူရှီမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးကာ နျူကလီးယားကပ်ဘေး ကျရောက်ခဲ့ပါတယ်။

အဆိုပါ ငလျင်နဲ့ ဆူနာမီရေလှိုင်းများကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး သောင်းနဲ့ချီပြီး နေရာရွှေ့ပြောင်းခဲ့ရပါတယ်။ ဒါ့အပြင် အဆောက်အအုံ တစ်သန်းကျော်လည်း ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ငလျင်နဲ့ဆူနာမီကြောင့် ဂျပန်နိုင်ငံရှိ လမ်းမ ၄,၀၀၀၊ တံတား ၇၈ စင်းနဲ့ ရထားလမ်း ၂၉ ခုလည်း ပျက်စီးမှုတွ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD