International News: နိုင်ငံရဲ့ဘုရင်သစ်ကို ထိုင်းအစိုးရ ကြေညာ

, updated

နန်းတက်ပွဲကျင်းပဖို့ကိုလည်း ပြင်ဆင်နေပါပြီ။

play

 

သက်တော်ရှည်ဘုရင်ကြီး ဘူမိဘောအဒူလျာဒက် ကွယ်လွန်ပြီး သီတင်းပတ် ၇ ပတ် အကြာမှာ ထိုင်းအစိုးရက ဘုရင်သစ်ကို ကြေညာလိုက်ပါတယ်။ ဘုရင်သစ် မဟာဗာဂျီရာလောင်ကွန်းကို ထုံးတမ်းစဉ်လာအတိုင်း လွှတ်တော်ကို ဖိတ်ခေါ်တင်မြှောက်မယ့်အကြောင်းကိုလည်း ဥပဒေပြုလွှတ်တော်က ယနေ့မနက်မှာ ကြေညာသွားပါတယ်။ ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်စူဝမ်ကလည်း ဘုရင်သစ်ကို အသိအမှတ်ပြုပါတယ်လို့ ဆိုပါတယ်။

play

 

ဂျာမနီကို ရောက်နေတဲ့ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်းဟာ ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက်ကို ပြန်ရောက်လာဖွယ်ရှိတယ်လို့လည်း စစ်ဘက်အရာရှိကြီးနှစ်ဦးက ဆိုပါတယ်။ ရိုက်တာသတင်းအရတော့ ထိုင်းနိုင်ငံရဲ့ ဘုရင်သစ် နန်းတက်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က ကံတော်ကုန်သွားခဲ့တာဖြစ်ပြီး ဘုရင်သစ်နန်းမတက်မီကာလအတွင်းမှာ ဘုရင့်အတိုင်ပင်ခံကောင်စီက ထီးနန်းကို ယာယီလွှဲပြောင်းအုပ်ချုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ