International News: သင်္ချာနဲ့သိပ္ပံမှာ စင်ကာပူက အတော်ဆုံးဖြစ်

ကမ္ဘာတစ်ဝန်း နိုင်ငံများမှ ကျောင်းသူကျောင်းသားတွေကို နှိုင်းယှဉ်မှုအရ သင်္ချာနဲ့သိပ္ပံဘာသာရပ်မှာ အရှေ့အာရှ နိုင်ငံများက ထိပ်ဆုံးနေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။

play

 

ကမ္ဘာတစ်ဝန်း မူလတန်းနဲ့ အလယ်တန်းအဆင့် သင်္ချာနဲ့သိပ္ပံဘာသာရပ်မှာ စင်ကာပူနိုင်ငံမှ ကျောင်းသူကျောင်းသားတွေက အတော်ဆုံးဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံများမှ ကျောင်းသူကျောင်းသားတွေကို နှိုင်းယှဉ်မှုအရ သင်္ချာနဲ့သိပ္ပံဘာသာရပ်မှာ အရှေ့အာရှ နိုင်ငံများက ထိပ်ဆုံးနေရာတွေမှာ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ယခုအဆင့်သတ်မှတ်ချက်ကို Trends in International Mathematics and Science Study (TIMSS) အဖွဲ့အစည်းက လေးနှစ်တစ်ကြိမ် ထုတ်ပြန်ပါတယ်။ TIMSS က ကမ္ဘာ့နိုင်ငံ ၅၇ နိုင်ငံမှ အသက် ၉ နှစ်မှ ၁၀ နှစ်နဲ့ ၁၃ နှစ်နဲ့ ၁၄ နှစ်ကြား ကျောင်းသူကျောင်းသား ၆၀၀,၀၀၀ ကျော်ကို စစ်ဆေးမှုရလဒ်များအား အခြေခံပြီး အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play
တောင်ကိုရီးယားမှာ နိုဝင်ဘာလ အစောပိုင်းက စာမေးပွဲဖြေဆိုကြသည့် သားသမီးများအတွက် မိဘများက ဆုတောင်းနေကြစဉ်။


(တောင်ကိုရီးယားမှာ နိုဝင်ဘာလ အစောပိုင်းက စာမေးပွဲဖြေဆိုကြသည့် သားသမီးများအတွက် မိဘများက ဆုတောင်းနေစဉ်)

မူလတန်းအဆင့် သင်္ချာနဲ့သိပံ္ပဘာသာရပ်မှာ အတော်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ

 

သင်္ချာဘာသာရပ်

သိပ္ပံဘာသာရပ်

စင်ကာပူစင်ကာပူ
ဟောင်ကောင်တောင်ကိုရီးယား
တောင်ကိုရီးယားဂျပန်
ထိုင်ဝမ်ရုရှား
ဂျပန်ဟောင်ကောင်
မြောက်အိုင်ယာလန်ထိုင်ဝမ်
ရုရှားဖင်လန်
နော်ဝေးကာဇက်စတန်
အိုင်ယာလန်ပိုလန်
၁၀အင်္ဂလန်အမေရိကန်

 

အလယ်တန်းအဆင့် သင်္ချာနဲ့သိပံ္ပဘာသာရပ်မှာ အတော်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ

 

သင်္ချာဘာသာရပ်

သိပ္ပံဘာသာရပ်

စင်ကာပူစင်ကာပူ
တောင်ကိုရီးယားဂျပန်
ထိုင်ဝမ်ထိုင်ဝမ်
ဟောင်ကောင်တောင်ကိုရီးယား
ဂျပန်ဆလိုဗေးနီးယား
ရုရှားဟောင်ကောင်
ကာဇက်စတန်ရုရှား
ကနေဒါအင်္ဂလန်
အိုင်ယာလန်ကာဇက်စတန်
၁၀အမေရိကန်အိုင်ယာလန်

Source & Photo: BBC, TIMSS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ