play
BND အကြီးအကဲကို ဂျာမန်အဓိပတိ မာကယ်လ်နှင့်အတူ တွေ့ရစဉ်။


လာမယ့်နှစ် ဂျာမန်ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ရုရှားဟက်ကာများက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း ဂျာမနီထောက်လှမ်းရေး အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားဟက်ကာတွေက မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းသတင်းမှားများ ဖန်တီးကာ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီနည်းလမ်းကျမှုကို လျော့ပါးစေရန် ဆောင်ရွက်လာနိုင်ကြောင်း ဂျာမန်ထောက်လှမ်းရေး အကြီးအကဲက ဆိုပါတယ်။

play
BND တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေသည့် BND အကြီးအကဲ။


ယနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဂျာမနီ Federal Intelligence Agency (BND) ရဲ့ အကြီးအကဲ ဘရူနိုက ရွေးကောက်ပွဲဆိုင်ရာ အွန်လိုင်းသတင်းမှားများ ဖန်တီးမှုနောက်ကွယ်မှာ ရုရှားရှိနေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်ကလည်း ဟက်ကာများက ဆိုရှယ်မီဒီယားများမှ သတင်းမှားများ ပျံ့နှံ့စေပြီး ရွေးကောက်ပွဲ မဲပေးမှုကို ခြယ်လှယ်မှုတွေရှိနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။

play
ဂျာမန်ရွေးကောက်ပွဲ မဲပေးမှု


အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲလည်း ရုရှားဟက်ကာများ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်နိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးက သတိပေးခဲ့ဖူးပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်ကို ရုရှားအစိုးရက အားပေးထောက်ခံခဲ့ရာ ထရန့်အနိုင်ရရန် မဲပေးစနစ်ကို ရုရှားဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ထိန်းချုပ်ကူညီပေးနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးက ပြောခဲ့ပါတယ်။ ရုရှားအစိုးရက အဆိုပါ ပြောဆိုမှုတွေကို ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video