AD
AD
AD
 play
ဒဏ်ရာရရှိသူတစ်ဦးကို သယ်ဆောင်လာစဉ်


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လမ်ဘေးဗုံးတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် သမ္မတဒူတာတေးရဲ့ လုံခြုံရေးအဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အစိုးရတပ်ဖွဲ့နဲ့ အစ္စလာမ်မစ်စစ်သွေးကြွများ တိုက်ပွဲဖြစ်ပွားနေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းဒေသကို သမ္မတဒူတာတေး မလာရောက်မီ တစ်ရက်အလို ယနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ ဗုံးပေါက်ကွဲပြီး သမ္မတရဲ့ လုံခြုံရေးအဖွဲ့ဝင်များ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်စစ်သား ၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ၎င်းရဲ့လုံခြုံရေးအဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမဲ့ သမ္မတဒူတာတေးက ဖိလစ်ပိုင်တောင်ပိုင်း ဘူတစ်ဂ်မြို့ကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၃၀ ရက်) မှာ သွားရောက်ပြီး စစ်သွေးကြွအုပ်စုနဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားတွေကို တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

play
လမ်းဘေးဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သည့် စစ်သားတစ်ဦး


ကာကွယ်ရေးဝန်ကြီးက သမ္မတဒူတာတေးကို နိုင်ငံတောင်ပိုင်းခရီးစဉ် ဖျက်သိမ်းရန် အကြံပေးခဲ့ကြောင်းလည်း သိရပါတယ်။ သမ္မတဒူတာတေး ခရီးစဉ်မတိုင်မီ ရှေ့ပြေး လုံခြုံရေးဆောင်ရွက်တဲ့ အဖွဲ့ရဲ့ကားကို လမ်းဘေးဗုံးပေါက်ကွဲမှု ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း မာအူတီအုပ်စုမှ စစ်သွေးကြွ ၄၀ ခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲများအတွင်း ဖိလစ်ပိုင်စစ်သား ၂၀ လည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ ယနေ့မှာလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD