AD
AD
AD
play


ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များထိန်းချုပ်တဲ့ ဒေသတွေကို အစိုးရတပ်ဖွဲ့က ထိုးဖောက်ဝင်ရောက်လာခဲ့ရာ အရပ်သား ၁၆,၀၀၀ အထိ ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂရဲ့ စာရင်းများအရ သိရပါတယ်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက လာမယ့်ရက်များအတွင်း နောက်ထပ် အရပ်သားဦးရေ ထောင်နဲ့ချီပြီး ထွက်ပြေးကြရဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ စတီဖင်အိုဘရိုင်ယန်က ပြောပါတယ်။

play


အဆိုပါ အရပ်သားတွေရဲ့ ကံကြမ္မာကို အလွန်စိုးရိမ်မိကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူပုန်များထိန်းချုပ်ရာ ဒေသမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

play


ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်းလည်း အဆိုပါ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဆီးရီးယားအစိုးရ အတိုက်အခံတွေရဲ့ ပြောကြားမှုအရ နေအိမ်စွန့်ခွာထွက်ပြေးတဲ့ အရပ်သားအုပ်စုတစ်စုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

play


အလက်ပိုမြို့ အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ ဒေသတွေကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်တိုက်ခိုက်နေမှုမှာ သီတင်းနှစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူပုန်များထိန်းချုပ်ရာ နေရာဒေသ သုံးပုံတစ်ပုံကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD