International News: တူရကီမှာ အဆောင်မီးလောင်မှုကြောင့် ကျောင်းသူများ သေဆုံး

မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသူတွေဟာ အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ်များ ဖြစ်ပါတယ်။

play


တူရကီနိုင်ငံတောင်ပိုင်း အက်ဒါနာဒေသမှာ အဆောင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျောင်းသူအများစု အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ အင်္ဂါနေ့ (နိုဝင်ဘာ ၂၉ ရက်) ဒေသစံတော်ချိန် ည ၇း၂၅ မှာ အဆောင်မီးလောင်မှု ဖြစ်ခဲ့ပြီး ကနဦး စစ်ဆေးတွေ့ရှိမှုများအရ ဝါယာရှော့ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ကောက်ချက်ချထားပါတယ်။

 

မီးလောင်မှုကြောင့် အဆောင်ပြတင်းပေါက်များမှ ကြောက်လန့်တကြား ခုန်ချခဲ့သူများလည်းရှိကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် အရေးပေါ်လှေကားသုံးပြီး ထွက်ပြေးရန်အတွက် ထွက်ပေါက်တံခါး ဖွင့်မရခဲ့တာကြောင့် ကျောင်းသူများ သေဆုံးခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုအတွင်း လူ ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

play


သေဆုံးသူ ၁၂ ဦးအနက် ၁၁ ဦးဟာ ကျောင်းသူများဖြစ်ကြပြီး အခြားတစ်ဦးမှာ နည်းပြဆရာမ ဖြစ်ပါတယ်။ မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသူတွေဟာ အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ်များဖြစ်ကြောင်း သိရပါတယ်။
Source & Photo: NDTV, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ