International News: ကလေးတွေကို အဓမ္မကျင့်မှုနဲ့ စွပ်စွဲခံရတဲ့ ဓာတ်ပုံဆရာ အမှုရင်မဆိုင်ရမီ သေဆုံးသွားခဲ့

, updated

ယင်းဖြစ်ရပ်အတွက် အဓမ္မကျင့်ခံရသူတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

play

 

ဗြိတိန်ဓာတ်ပုံဆရာ ဒေးဗစ်ဟမ်မင်လ်တန်ဟာ မိန်းမငယ်လေးတွေကို ဓာတ်ပုံရိုက်စဉ် အဓမ္မကျင့်ခဲ့တာဖြစ်ပြီး သူ့ကို စွပ်စွဲထားတဲ့ အမျိုးသမီး အနည်းဆုံး ၄ ဦးရှိပါတယ်။

ယခု အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဟမ်မင်တန်ဟာ ပါရီမှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေခဲ့ကာ သူ့ဘေးမှာ ဆေးဘူးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ သူဟာ အသက်ရှင်သန်ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပါတယ်။

play

 

သူ့ရဲ့ အဓမ္မကျင့်ခံရသူတွေအတွက်ကတော့ နောက်တစ်ကြိမ် ကံကြမ္မာရဲ့ ရက်စက်မှုကို ခံရခြင်းပါပဲ။

ပထမတော့ ကလေးနှစ်ယောက်မိခင် ပြင်သစ်ရေဒီယို အစီအစဉ်မှူး Flavie Flament ဟာ သူမရဲ့စာအုပ်ထဲမှာ သူမအသက် ၁၃ နှစ်အရွယ်မှာ အဓမ္မကျင့်ခံခဲ့ရတယ်လို့ ဆိုပေမဲ့ ထိုလူက ဘယ်သူဆိုတာ မပြောပြခဲ့ပါဘူး။ ဒါပေမဲ့ စာအုပ်မျက်နှာဖုံးမှာ အသုံးပြုထားတဲ့ဓာတ်ပုံက ဟမ်မင်တန်ရိုက်ကူးပေးခဲ့တဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

play
Flavie Flament

 

ပြီးခဲ့တဲ့အပတ်ကမှ Flavie ဟာ ဟမ်မင်တန်ရဲ့ နာမည်ကို ထုတ်ဖော်ပြောပြဖို့ သတ္တိရှိခဲ့ကာ နောက်ထပ် အမျိုးသမီး ၃ ဦးကလည်း သူမနဲ့ ဆင်တူ ဖြစ်ရပ်မျိုးဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဟမ်မင်တန်ဟာ သူမရဲ့ ကိုယ်လုံးတီးဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး အဓမ္မကျင့်ဖို့လည်း ကြိုးစားခဲ့ကြောင်းကို Flavie က အသေးစိတ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

play
၁၉၈၁ ခုနှစ်က မော်ဒယ်မလေးများနဲ့ ဟမ်မင်တန်

 

သူတို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနိုင်ကျင့်ခံခဲ့ရမှုကို ပြောပြဖို့ အားအင်မွေးဖွားနိုင်ခဲ့ချိန်မှာ သူတို့ဘဝကို ဖျက်ဆီးခဲ့သူဟာ ဘယ်တော့မှ တရားဥပဒေရဲ့ အဆုံးအမကို မခံရတော့ပါဘူး။

ဟမ်မင်တန်ကတော့ စွပ်စွဲမှုတွေကို မသေခင် ငြင်းဆန်ခဲ့ကြောင်း သူ့ရဲ့မိတ်ဆွေတစ်ဦးက ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ