International News: ဘန်ကောက်မှာ ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ

, updated

ဖမ်ဆီးခဲ့သူ သုံးဦးက ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ရှိ နေရာခြောက်ခုမှာ တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

play
ဘန်ကောက်မြို့မြင်ကွင်း


ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေကြောင်း သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၃၀ ရက်) ဖမ်းဆီးလိုက်သူ သုံးဦးဟာ မွတ်စလင်မ်အများစု နေထိုင်ရာ နိုင်ငံတောင်ပိုင်း ဒေသမှဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

play
ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှု


ဘန်ကောက်မှာ ဗုံးခွဲရန်ကြံစည်နေကြောင်း သံသယရှိမှုဖြင့် ယနေ့ ဖမ်းဆီးခဲ့သူ သုံးဦးနဲ့ ထိုင်းတောင်ပိုင်းစစ်သွေးကြွများကြား ဆက်နွှယ်မှုကိုတော့ ၎င်းက ပယ်ချခဲ့ပါတယ်။ ဖမ်းဆီးလိုက်သူ သုံးဦးဟာ ထိုင်းတောင်ပိုင်းမှ လာရောက်ခဲ့ပြီး ဘန်ကောက်နဲ့ ပတ်ဝန်းကျင်နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့ဟာ ခွဲထွက်ရေး စစ်သွေးကြွအုပ်စုမှ မဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက သတင်းထောက်များကို ပြောပါတယ်။

play
ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲအပြီး မြင်ကွင်း


ဖမ်ဆီးခဲ့သူ သုံးဦးက ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ရှိ နေရာခြောက်ခုမှာ တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားပေမဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်က ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်းမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အရှေ့အာရှ နိုင်ငံများမှ ခရီးသည်အများစု အပါအဝင် လူ ၂၀ သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ တောင်ပိုင်းဒေသရှိ မွတ်စလင်မ်လက်နက်ကိုင် စစ်သွေးကြွတွေက ခွဲထွက်ရေးအတွက် ထိုင်းအစိုးရတပ်ဖွဲ့တွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အဆိုပါဒေသမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိပြီး ၂၀၀၄ ခုနှစ် ယခုအချိန်ထိ လူ ၆,၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ