International News: ရုရှားက ယူကရိန်းနဲ့နယ်စပ်မှာ တပ်ဖွဲ့ဝင် ၅၅,၀၀၀ ရုတ်တရက် ဖြန့်ကျက်ချထား

, updated

နယ်စပ်မှာ တပ်ဖွဲ့ဝင် ၅၅,၀၀၀ ဖြန့်ကျက်ချထားလိုက်ကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အိုင်ဟော ဒိုလ်ဟော့ဗ်က ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ကြေညာခဲ့ပါတယ်။

play
ရုရှားသမ္မတပူတင်နှင့် စက်ဘက်အကြီးအကဲများ


ရုရှားနိုင်ငံက ယူကရိန်းနဲ့နယ်စပ်မှာ တပ်ဖွဲ့ဝင် ၅၅,၀၀၀ ကို ဖြန့်ကျက်ချထားလိုက်ပြီး၊ ရုရှားက ကျူးကျော်လာမယ့် အခြေအနေကို စိုးရိမ်မှုတွေ မြင့်တက်လာကြောင်း သိရပါတယ်။ ယူကရိန်းနဲ့နယ်စပ်မှာ ယခင်ကတည်းက ရုရုားတပ်ဖွဲ့ဝင် ၇,၅၀၀ အသင့်ရှိနေခဲ့ရာမှာ ရုတ်တရက် နောက်ထပ် တပ်ဖွဲ့ဝင် ၅၅,၀၀၀ ကို သမ္မတ ဗလာဒီမာပူတင်က ဖြန့်ကျက်ချထားစေခဲ့တာလည်း ဖြစ်ပါတယ်။

 

ယူကရိန်းနဲ့နယ်စပ်မှာ တပ်ဖွဲ့ဝင် ၅၅,၀၀၀ ဖြန့်ကျက်ချထားလိုက်ကြောင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အိုင်ဟော ဒိုလ်ဟော့ဗ်က ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ကြေညာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ယူကရိန်းနဲ့နယ်စပ်မှာ ရုရှားတပ်ဖွဲ့ဝင် ၅,၀၀၀ မှ ၇,၅၀၀ အထိသာ အသင့်ချထားတာ ဖြစ်ပါတယ်။

play
ရုရှားတပ်ဖွဲ့များ ဖြန့်ကျက်ချထားမှု အခြေအနေပြ မြေပုံ


ရုရှားနိုင်ငံက ယူကရိန်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မီးယားဒေသကို ၂၀၁၄ ခုနှစ်အတွင်း သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ တပ်ဖွဲ့ဝင် ၂၃,၀၀၀ ကို အဆိုပါဒေသအတွင်း ဖြန့်ကျက်ထားပါတယ်။ ရုရှားဟာ ၎င်းတို့အစိုးရပြိုလဲအောင် စီစဉ်လုပ်ဆောင်နေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ယူဆထားကြောင်း သိရပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ