International News: တရုတ်မှာ တိုင်တန်းနစ် ပုံစံတူ အရွယ်တူသင်္ဘော စတင်ဆောက်လုပ်

တိုင်တန်းနစ်နဲ့ ပုံစံတူ၊ အရွယ်တူတဲ့ ပထမဆုံးသင်္ဘောလည်း ဖြစ်လာမှာပါ။

play

 

၁၉၁၂ ခုနှစ်က အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့တဲ့ တိုင်တန်းနစ်သင်္ဘောကို ယနေ့ခေတ်မှာ နောက်တစ်ကြိမ် မျက်မြင်တွေ့ခွင့်ရပါတော့မယ်။ တရုတ်နိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတစ်ခုက တိုင်တန်းနစ်နဲ့ ပုံစံတူ အရွယ်တူ သင်္ဘောကို စတင်ဆောက်လုပ်နေပြီလို့ ဆင်ဟွာသတင်းမှာ ဖော်ပြလာပါတယ်။ ဆောက်လုပ်ပြီးသွားရင်တော့ ဒီသင်္ဘောဟာ တိုင်တန်းနစ်နဲ့ ပုံစံတူ၊ အရွယ်တူတဲ့ ပထမဆုံးသင်္ဘောလည်း ဖြစ်လာမှာပါ။

play
Photo - SCMP

 

အဆိုပါသင်္ဘောဟာ အရှည် ၂၆၉ မီတာ၊ အကျယ် ၂၈ မီတာ ရှိမှာဖြစ်ကာ မူလ တိုင်တန်းနစ်သင်္ဘောမှာ ပါဝင်ခဲ့တဲ့ အသုံးအဆောင်တွေအတိုင်း ဧည့်ခန်းမ၊ ရုပ်ရှင်ရုံ၊ ရေကူးကန် အစရှိသဖြင့် ထည့်သွင်းမယ်လို့ ခန့်မှန်းရပါတယ်။ သင်္ဘောကိုယ်ထည်ကို ဟူဘေးပြည်နယ်မှာ ထုတ်လုပ်မှာဖြစ်ကာ စီချွမ်ပြည်နယ်မှာ တပ်ဆင်မယ်လို့ သင်္ဘောတည်ဆောက်မယ့် Wuchang ကုမ္ပဏီဘက်က အတည်ပြုပါတယ်။ သင်္ဘောတည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၁၄၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်နဲ့ ဗြိတိန်ဒီဇိုင်နာတွေ နည်းပညာရှင်တွေက အားဖြည့်ပါဝင်ထားတယ်လို့ သိရပါတယ်။ သင်္ဘောကို စီချွမ်ပြည်နယ်ထဲမှာပဲ ရာသက်ပန်ကမ်းကပ်ထားမှာဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။

Source : Xinhua

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ