International News: မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့မှုကို ကုလသမဂ္ဂ ပိတ်ဆို့အရေးယူ

အရေးယူပိတ်ဆို့မှုအသစ်အရ မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့မှုကို ပိတ်ဆို့အရေးယူလိုက်ခြင်းက ကင်မ်ဂျုံအန်းအစိုးရအတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။

play


ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း သိရပါတယ်။ စက်တင်ဘာလအတွင်းက ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းအပေါ် တုံ့ပြန်တဲ့အနေဖြင့် မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက နိုဝင်ဘာ ၃၀ ရက်မှာ မဲပေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play


အရေးယူပိတ်ဆို့မှုအသစ်မှာ ပါဝင်လာတဲ့ မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့မှုကို ပိတ်ပင်လိုက်ခြင်းက ကင်မ်ဂျုံအန်းအစိုးရအတွက် ထိုးနှက်ချက်ဖြစ်လာကြောင်း သိရပါတယ်။ ကျောက်မီးသွေးဟာ မြောက်ကိုရီးယားရဲ့ တန်ဖိုးကြီး အဓိကပို့ကုန်ဖြစ်ပြီး အရေးယူပိတ်ဆို့မှုအသစ်အရ နှစ်စဉ် တင်ပို့ရောင်းချမှုရဲ့ ၆၀ ရာခိုင်နှုန်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

play


အဆိုပါ ပမာဏဟာ ကျောက်မီးသွေး မက်ထရစ်တန်ချိန် ၇.၅ သန်းဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၀၀.၉ သန်း ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်က အဆိုပြုခဲ့တဲ့ မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့မှုအပေါ် ပိတ်ဆို့မှုကို တရုတ်နိုင်ငံကလည်း သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှ ကျောက်မီးသွေးများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေကြောင်း သိရပါတယ်။ ကုလသမဂ္ဂက ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုအသစ်အရ ကျောက်မီးသွေးအပြင် မြောက်ကိုရီးယားထံမှ ကြေးနီ၊ ငွေနဲ့ သွပ်တို့ တင်ပို့ရောင်းချမှုကိုလည်း ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ