International News: အနှောင့်အယှက်ကင်းကင်း ချစ်တင်းနှောချင်တဲ့ မိခင်က မူးယစ်ဆေးကျွေးလို့ ၄ နှစ်သမီးလေး သေဆုံးခဲ့ရ

ဘိန်းဖြူအပါအဝင် မူးယစ်ဆေး ၅ မျိုးသုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။

play

 

အသက် ၄၀ အရွယ် ဂျွန်ရိုင်တင်းနဲ့ အသက် ၃၇ နှစ်အရွယ် မီချလာပိုက်ခ်တို့ဟာ ချစ်တင်းနှောစဉ်မှာ အနှောင့်အယှက်မဖြစ်အောင် ပေါ့ပီဝစ်ဒီဆန်ဆိုတဲ့ ကလေးငယ်လေးကို ကီတာမင်း၊ မက်သာဒုန်းနဲ့ ဒိုင်ယာဇီပင်တို့ကို တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

"သူ့ကို ဘလူးစမက်သီ (ဒိုင်ယာဇီပင်) တစ်ပြားတိုက်ပြီး အိပ်ခိုင်းလိုက်မယ်" လို့ မိခင်ဖြစ်သူက သူမရဲ့ချစ်သူ ဂျွန်ရိုင်တင်းကို စာပို့ထားခဲ့ပါတယ်။

"သူကြိုက်တဲ့ ဘလူးစမက်သီရလာပြီ" လို့ ရိုင်တင်းက ပိုက်ခ်ကို စာပြန်ပို့ထားတာကိုလည်း တွေ့ရှိထားပါတယ်။

play

 

ပေါ့ပီဟာ ယူကေရှိ ရှယ်ဖီးလ်ကလေးဆေးရုံမှာ နှလုံးရောဂါဖောက်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပေမဲ့ သူမ သေဆုံးရခြင်းအကြောင်းအရာနဲ့ ပတ်သက်လို့ မရှင်းမလင်းရှိနေဆဲပဲလို့ တရားရုံးက ကြားနာခဲ့ရပါတယ်။ ပေါ့ပီဆုံးပါးပြီး လများစွာအကြာ သူမရဲ့ဆံပင်ကို စစ်ဆေးချိန်မှာ ဘိန်းဖြူနဲ့ ဘန်ဇိုဒိုင်ယာဇဖင်းအပါအဝင် မူးယစ်ဆေး ၅ မျိုးကို တွေ့ရှိခဲ့ရပေမဲ့ သေဆုံးခြင်းအကြောင်းအရာနဲ့ မကိုက်ညီခဲ့ပါဘူး။

ပိုက်ခ်က ပေါ့ပီကို ဆဲဆိုသံကို ကြားခဲ့ဖူးပြီး သူမရဲ့လက်မောင်းမှာလည်း အရှိုးရာတွေမြင်ကြောင်း အိမ်နီးချင်းတစ်ဦးက ထွက်ဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူ ပိုက်ခ်ကတော့ သူမရဲ့သမီးကို ဆုံးမတဲ့အနေနဲ့ တင်ပါးနဲ့ လက်ကိုသာ ရိုက်ဖူးကြောင်း ပြောပါတယ်။

play

 

အခု ပိုက်ခ်နဲ့ ရိုင်တင်းတို့ဟာ ပြတ်သွားကြပြီဖြစ်ပြီး နှစ်ယောက်စလုံးကို ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှုနဲ့ တရားစွဲထားပါတယ်။

နှစ်ဦးစလုံးက ယင်းတရားစွဲဆိုမှုကို ငြင်းဆန်ထားတဲ့အပြင် ကလေးကို မူးယစ်ဆေးကျွေးတယ်ဆိုတာလည်း မဟုတ်ကြောင်း ထွက်ဆိုထားပါတယ်။ ယင်းအမှုကို ဆက်လက်ကြားနာသွားဦးမှာပါ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ