International News: ဘုရင်သစ် တင်မြှောက်မှုအခမ်းအနား ထိုင်းလွှတ်တော်မှာ ပြုလုပ်

ပုံမှန်အားဖြင့် အိမ်ရှေ့မင်းသားဟာ ဘုရင်ကံတော်ကုန်ပြီး နောက်တစ်ရက်မှာ ဘုရင်အဖြစ် နန်းတက်ရမှာဖြစ်ပေမဲ့ ဘုရင်ဘူမီဘောအတွက် ဝမ်းနည်းပူဆွေးမှုကြောင့် အချိန်ပိုမိုလိုအပ်တာကြောင့် နန်းတက်ပွဲကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။

play


ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်းက လွှတ်တော်သို့ဖိတ်ခေါ်ပြီး ဘုရင်အဖြစ် တင်မြှောက်မှုကို တက်ရောက်လက်ခံခဲ့ပြီးနောက် ထိုင်းဘုရင်သစ် တရားဝင် ဖြစ်လာခဲ့ပါတယ်။ မဟာဗာဂျီရာလောင်ကွန်းဟာ အောက်တိုဘာ ၁၃ ရက်က သက်တော် ၈၈ နှစ်အရွယ်မှာ ကံတော်ကုန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဘုရင်ဘူမီဘောရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

play


လွှတ်တော်မှာ ယနေ့ (ဒီဇင်ဘာ ၁ ရက်) ပြုလုပ်တဲ့ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်း နန်းတက်ပွဲကို ထိုင်းနိုင်ငံမှာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။

play


အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်းကို ဘုရင် မဟာဗာဂျီရာလောင်ကွန်း ဘိုဒင်ဒရာဘေယာဗာရင်ကွန်းအဖြစ် တင်မြှောက်လိုက်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဘုရင်သစ် ဖြစ်လာတဲ့ မဟာဗာဂျီရာလောင်ကွန်းက ထိုင်းပြည်သူများရဲ့ အကျိုးအတွက် ဘုရင်အဖြစ်တင်မြှောက်မှုကို ခံယူကြောင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

play


ပုံမှန်အားဖြင့် အိမ်ရှေ့မင်းသားဟာ ဘုရင်ဘူမီဘော ကံတော်ကုန်ပြီးနောက်တစ်ရက်မှာ ဘုရင်အဖြစ် နန်းတက်ရမှာဖြစ်ပေမဲ့ ဘုရင်ဘူမီဘောအတွက် ဝမ်းနည်းပူဆွေးမှုကြောင့် အချိန်ပိုမိုလိုအပ်တာကြောင့် နန်းတက်ပွဲကို ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: CNA, BBC

ဆက်စပ်သတင်း - နိုင်ငံရဲ့ဘုရင်သစ်ကို ထိုင်းအစိုးရ ကြေညာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ