International News: မလေးရှားနိုင်ငံ ပီနန်းမှာ ပစ်ခတ်မှုဖြစ်ပြီး သုံးဦးသေ

ပီနန်းရှိ အဝေးပြေးလမ်းမှာ ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် ည ၇း၃၀ က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မလေးရှားသတင်းတွေက ဖော်ပြပါတယ်။

play


မလေးရှားနိုင်ငံ ပီနန်း အဝေးပြေးလမ်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့် လူသုံးဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပီနန်းရှိ Tun Dr Lim Chong Eu အဝေးပြေးလမ်းမှာ ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် ည ၇း၃၀ က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မလေးရှားသတင်းတွေက ဖော်ပြပါတယ်။


New Stratis Times သတင်းရဲ့ ဖော်ပြမှုအရ ကားတစ်စီးပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအကြောင်းရင်းကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေအနက် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာမှာ ကားလေးစီး တိုက်မိထားကြောင်း Bernama သတင်းက ပြောပါတယ်။

play


ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်တဲ့ နေရာမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး Butterworth သို့ သွားရာလမ်းကို ပိတ်ဆို့ထားကြောင်း သိရပါတယ်။ ပီနန်းရဲတပ်ဖွဲ့ အကြီးအကဲ အဗ္ဗဒူလ်ဂါဖာရာဂျက်ဘ်က ဒီဇင်ဘာ ၁ ရက် နှောင်းပိုင်းမှာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။
Source & Photo CNA, Bernama

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ