International News: ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်း ပြင်သစ်သမ္မတ ကြေညာ

ဟော်လန်းဟာ ပြင်သစ်မှာ သမ္မတရွေးကောက်ပွဲ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတဲ့ ပထမဆုံး လက်ရှိသမ္မတလည်း ဖြစ်လာပါတယ်။

play
ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်း


ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းက ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) မှာ အံ့အားသင့်ဖွယ် ကြေညာလိုက်ပါတယ်။ နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း ဆိုရှယ်လစ်ခေါင်းဆောင် ဟော်လန်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

play
ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ် ဗောလ်နှင့် သမ္မတဟော်လန်း


အသက် ၆၂ နှစ်အရွယ် ပြင်သစ်သမ္မတဟော်လန်းဟာ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့မှု၊ အလုပ်သမားကဏ္ဍ ပြုပြင်ပြောင်းလဲမှုအပေါ် အကြမ်းဖက် ဆန္ဒပြမှုများနဲ့ ၎င်းရဲ့ပုဂ္ဂိုလ်ရေးရှုပ်ထွေးမှုတွေကြောင့် လူကြိုက်အလွန်နည်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဟော်လန်းဟာ ပြင်သစ်မှာ သမ္မတရွေးကောက်ပွဲ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတဲ့ ပထမဆုံး လက်ရှိသမ္မတလည်း ဖြစ်လာပါတယ်။ ဟော်လန်းဟာ ၂၀၁၂ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရပြီး ပြင်သစ်သမ္မတဖြစ်ခဲ့ပါတယ်။

play
၂၀၁၇ ပြင်သစ်သမ္မမရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖရန်ဆွာ ဖီလွန်


လာမယ့်နှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ရီပတ်ဘလစ်ကင်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖရန်ဆွာ ဖီလွန်က အနိုင်ရရှိရန် အလေးသာနေပါတယ်။ ဖရန်ဆွာ ဖီလွန်ဟာ မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူတစ်ဦးအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

play
၂၀၁၇ ပြင်သစ်သမ္မမရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း မာရင်း လီပန်း


လတ်တလော လူထုစစ်တမ်းများအရ ၂၀၁၇ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ဖရန်ဆွာ ဖီလွန်နဲ့ National Front ပါတီမှ မာရင်း လီပန်းတို့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ပြင်သစ်သမ္မတရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သမ္မတဟော်လန်းက ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်မှုကို မှန်ကန်တဲ့လုပ်ရပ်အဖြစ် ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗောလ်က သုံးသပ်ပြောကြားပါတယ်။
Source & Photo: AP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ