International News: တောင်ကိုရီးယားသမ္မတရဲ့ဖခင် အထိမ်းအမှတ်နေရာ မီးရှို့ခံရ

သမ္မတပတ်ဂွန်ဟေးဟာ အကျင့်ပျက်ခြစားမှုအရှုပ်အထွေးကြောင့် ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုတွေ ရင်ဆိုင်နေရပြီး လွှတ်တော်အဆုံးအဖြတ်ဖြင့် ရာထူးမှ ဖယ်ရှားခံရနိုင်ဖွယ်လည်း ရှိနေပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ ဖခင်ဖြစ်သူ အထိမ်းအမှတ်နေရာကို မီးရှို့မှုဖြင့် ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၃၀ ရက်) က ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုကြောင့် သမ္မတပတ်ဂွန်ဟေးရဲ့ ဖခင်ဖြစ်သူ စစ်တပ်အကြီးအကဲဟောင်း ပတ်ချောင်ဟီး အထိမ်းအမှတ်ခန်းမဟာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ပါတယ်။

play


မီးရှို့ခံရတဲ့ အထိမ်းအမှတ်ခန်းမဟာ သမ္မတပတ်ဂွန်ဟေးရဲ့ ဖခင်ဖြစ်သူ မွေးဖွားခဲ့တဲ့ နေအိမ်လည်း ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း ဂူမီမြို့မှာရှိတဲ့ အဆိုပါ အထိမ်းအမှတ်နေရာကို ပတ်မိသားစုကို ထောက်ခံသူတွေ အများစု အပါအဝင် လာရောက်လည်ပတ်ကြည့်ရှုသူ များပြားလေ့ရှိကြောင်း သိရပါတယ်။

play


ရဲတပ်ဖွဲ့က စစ်ဆေးမှုအရ သမ္မတပတ်ဂွန်ဟေးဟာ ရာထူးမှနုတ်ထွက်သင့်ကြောင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်ကြောင်း မီးရှို့ခဲ့သူ အမျိုးသားက ပြောကြားကြောင်း သိရပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးကြောင့် ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုတွေ ရင်ဆိုင်နေရပြီး လွှတ်တော်အဆုံးအဖြတ်ဖြင့် ရာထူးမှ ဖယ်ရှားခံရနိုင်ဖွယ်လည်း ရှိနေပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ