International News: ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာကွာဟမှုက ချိန်ကိုက်ဗုံးဖြစ်နေကြောင်း နိုဘယ်ဆုရှင် ပြောကြား

ချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာ့နေရာအနည်းငယ်မှာသာ စုစည်းရှိနေပြီး ထိုအခြေအနေက ကမ္ဘာကြီးအတွက် အန္တရာယ်အလွန်ကြီးတဲ့ ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေကြောင်း ယူနွတ်စ်က သတိပေးပါတယ်။

play


ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာကွာဟမှု ကျယ်ပြန့်လာခြင်းက လူမှုနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်မှာ ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေပြီး ဖြေရှင်းခြင်းမပြုပါက ပေါက်ကွဲမှု ဖြစ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်က ပြောကြားလိုက်ပါတယ်။ ချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာ့နေရာအနည်းငယ်မှာသာ စုစည်းရှိနေပြီး ထိုအခြေအနေက ကမ္ဘာကြီးအတွက် အန္တရာယ်အလွန်ကြီးတဲ့ ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေကြောင်း ယူနွတ်စ်က သတိပေးပါတယ်။

play


နိုဘယ်ရှင်ယူနွတ်စ်ဟာ အသေးစား ချေးငွေလုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့သူဖြစ်ပြီး ငွေကြေးနည်းပါးသူတွေကို လုပ်ငန်းလုပ်ကိုင်နိုင်ရန် ထောက်ပံ့ပေးခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရမှုနဲ့ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် မဲပေးခဲ့မှုတွေဟာ ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာကွာဟမှုအပေါ် အစိုးရတွေက ဖြေရှင်းမပေးနိုင်ခြင်းအား တုံ့ပြန်မှုပင်ဖြစ်တယ်လို့လည်း ယူနွတ်စ်က ဆိုပါတယ်။

Oxfam က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြမှုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၆၂ ဦးရဲ့ ကြွယ်ဝမှုဟာ ၂၀၁၀ ခုနှစ်မှစပြီး ၄၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၎င်းပုဂ္ဂိုလ်များအနက် ထက်ဝက်နီးပါးက အမေရိကန်နိုင်ငံမှာ နေထိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ၃.၅ သန်းရဲ့ ကြွယ်ဝမှုမှာမူ ၂၀၁၀ ခုနှစ်မှစပြီး ၄၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း Oxfam အစီရင်ခံစာက ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ