International News: ပတ်ဂွန်ဟေးကို စွဲချက်တင်ရန် မဲခွဲမည်ဟု တောင်ကိုရီးယား အတိုက်အခံပါတီများ ပြောကြား

သမ္မတကိုစွဲချက်တင်ပြီး ရာထူးမှ ဖယ်ရှားနိုင်ရန် လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ မဲအရေအတွက် ၂၀၀ လိုအပ်ပါတယ်။

play


တောင်ကိုရီးယား အတိုက်အခံပါတီတွေက သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ရန် မဲပေးမှုကို ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂ ရက်) ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားလွှတ်တော် အမတ်နေရာ ၃၀၀ ရှိသည့်အနက် အတိုက်အခံ ပါတီသုံးခုပေါင်းမှာ ၁၆၅ နေရာ ရရှိထားပါတယ်။ ကျန်ရှိတဲ့ အမတ်နေရာများမှာ သမ္မပတ်ဂွန်ဟေးရဲ့ ဆေနူရီပါတီမှ ဖြစ်ပါတယ်။

play


သမ္မတကိုစွဲချက်တင်ပြီး ရာထူးမှ ဖယ်ရှားနိုင်ရန် လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ မဲအရေအတွက် ၂၀၀ လိုအပ်ကြောင်း သိရပါတယ်။ ထိုအခြေအနေအရ သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်နိုင်ရန် မဲခွဲရာမှာ ၎င်းရဲ့ပါတီမှ အမတ်တွေရဲ့ မဲများလည်း လိုအပ်ကြောင်း သိရပါတယ်။

play


အကယ်၍ သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ပြီး ရာထူးမှဖယ်ရှားရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုရန် သို့မဟုတ် ပယ်ချရန် ရက်ပေါင်း ၁၈၀ အတွင်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခုံရုံးက အတည်ပြုခဲ့ပါက သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပြုလုပ်ရမယ်လို့ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပေးခဲ့ရာ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးပေါ်ပေါက်ခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုများ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ သမ္မတပတ်ဂွန်ဟေး ရာထူးမှ ဖယ်ရှားခံရပါက သို့မဟုတ် နုတ်ထွက်ခဲ့ပါက ၎င်းဟာ ရွေးကောက်ခံသမ္မတအဖြစ် သက်တမ်းကုန်သည်အထိ တာဝန်ထမ်းဆောင်ခွင့်မရတဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတ ဖြစ်လာမယ်လို့ ဆိုပါတယ်။
Source & Photo: Reuters

သမ္မတပတ်ဂွန်ဟေး ရထူးမှာ ဆက်ရှိနိုင်မလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ