International News: တရုတ်မှာ ဘတ်စ်ကားတစ်စီး ရေကန်ထဲထိုးကျမှုကြောင့် ၁၈ ဦး သေဆုံး

ဘတ်စ်ကားဟာ လမ်းချော်သွားခဲ့ပြီးနောက် လမ်းဘေး ရေကန်ထဲကို ထိုးကျသွားခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

play


တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ဘတ်စ်က်ကားတစ်စီး ရေကန်အတွင်း ထိုးကျသွားခဲ့မှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၂  ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက်အစောပိုင်းက ဟူဘေးပြည်နယ် အီဇူးမြို့အနီးမှာ ဘတ်စ်ကား ရေကန်ထဲထိုးကျမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။

play


ဘတ်စ်ကားဟာ လမ်းချော်သွားခဲ့ပြီးနောက် လမ်းဘေး ရေကန်ထဲကို ထိုးကျသွားခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင် ဒေသအများအပြားမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြူထူကျရောက်မှုများ ရှိခဲ့ကြောင်း သိရပေမဲ့ ယခုဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုဟာ ရာသီဥတုကြောင့်ဟုတ် မဟုတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
Source & Photo: AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ