International News: ထိုင်ဝမ်မှာ အလုပ်ပိတ်ရက် လျှော့ချမှုကြောင့် ဒေါသတကြီး ဆန္ဒပြမှုများဖြစ်

ထိုင်ဝမ်လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြတဲ့ အလုပ်သမားတွေက အမတ်တစ်ဦးကို တိုက်ခိုက်ခဲ့ကြပြီး မီးခိုးဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။

play


ထိုင်ဝမ်မှာ အများပြည်သူ အလုပ်ပိတ်ရက်များ လျှော့ချမှုအပေါ် ဒေါသထွက်နေတဲ့ အလုပ်သမားတွေက လွှတ်တော်အပြင်ဘက်မှာ စုရုံးဆန္ဒပြခဲ့ရာ ဝရုန်းသုန်းကား ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ထိုင်ဝမ်လွှတ်တော်အပြင်ဘက်မှာ ယနေ့ (ဒီဇင်ဘာ ၂ ရက်) ဆန္ဒပြတဲ့ အလုပ်သမားတွေက အမတ်တစ်ဦးကို တိုက်ခိုက်ခဲ့ကြပြီး မီးခိုးဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။

play


ထိုင်ဝမ်မှာ အငြင်းပွားစရာဖြစ်နေတဲ့ အလုပ်သမားဥပဒေ ပြင်ဆင်မှုအပေါ် ချီတက်ဆန္ဒပြမှုတွေနဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေ ယခင်ကတည်းက ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သမ္မတသစ်ဖြစ်လာတဲ့ ဆိုင်အင်ဝမ်က ၎င်းရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကတိတွေကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောကြားထားပါတယ်။

play


ထိုင်ဝမ်မှာ ဆိုင်အင်ဝမ်ကို လူထူထောက်ခံမှုနှုန်းဟာလည်း မေလအတွင်း သမ္မတဖြစ်လာပြီးနောက် ကျဆင်းလာခဲ့ပါတယ်။ ဆိုင်အင်ဝမ်ရဲ့ DPP ပါတီ အစိုးရက ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ခွင့်မှ ပင်စင်ခံစားခွင့် ပြုပြင်ပြောင်းလဲရေးအထိ ကိစ္စရပ်တွေ ကိုင်တွယ်ဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ လူထုထောက်ခံမှု ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားဥပဒေ ပြင်ဆင်မှုအရ ထိုင်ဝမ်အလုပ်သမားတွေဟာ တစ်ပတ်မှာတစ်ရက် အလုပ်ပိတ်ရက်ရမှာဖြစ်ပေမဲ့ နှစ်စဉ် ရရှိနေတဲ့ အလုပ်ပိတ်ရက် ၇ ရက် သတ်မှတ်ထားမှုကို ပယ်ဖျက်ထားကြောင်း သိရပါတယ်။ အလုပ်သမားတွေက 'အလုပ်ပိတ်ရက် ၇ ရက် လျှော့ချမှုကို ဆန့်ကျင်ကြ' လို့ ရေးသားထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကာ အချို့က မီးခိုးဗုံးများ ပစ်ပေါက်ခဲ့ကြပါတယ်။

ဒေါသထွက်နေတဲ့ ဆန္ဒပြအလုပ်သမားတွေက လွှတ်တော်အဆောက်အအုံမှ ထွက်လာတဲ့ DPP ပါတီမှ ထိပ်တန်းခေါင်းဆောင် ကာချီမင်းကို တွန်းထိုးခဲ့ကြပြီး ရေနဲ့ပက်ခဲ့ကြောင်း ထိုင်ဝမ်သတင်းတွေက ဖော်ပြပါတယ်။ ၎င်းကို ရဲတပ်ဖွဲ့က အစောင့်အရှောက်ဖြင့် ခေါ်သွားခဲ့ရပါတယ်။ DPP ပါတီက ယနေ့ ဆန္ဒပြမှုကို ရှုတ်ချလိုက်ပြီး ရဲတပ်ဖွဲ့ကို အမှုဖွင့် စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ