International News: ဂမ္ဘီယာကုိ နှစ်ရှည်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတဂျမား ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်

ဂျမားဟာ ဂမ်ဘီယာမှာ ၁၉၉၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက် သမ္မတအဖြစ် နှစ်ရှည်ကြာ အာဏာချုပ်ကိုင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

play
ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် သမ္မတ ယာယာဂျမား


ဂမ်ဘီယာ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံကို ဆယ်စုနှစ် ၂ ခုကျော် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတ ယာယာဂျမား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။ ဂျမားဟာ ဂမ်ဘီယာမှာ ၁၉၉၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက် သမ္မတအဖြစ် ၂၂ နှစ်ကြာ အာဏာချုပ်ကိုင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

play
ဂမ်ဘီယာ ရွေးကောက်ခံသမ္မတ အက်ဒမာဘာရိုး


ဒီဇင်ဘာ ၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဂမ်ဘီယာရွေးကောက်ပွဲမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် အက်ဒမာဘာရိုးက မဲအရေအတွက် ၄၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ သမ္မတဂျမား ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ အလီမိုမာအန်ဂျီက အတည်ပြု ပြောကြားခဲ့ပါတယ်။

play
ဘာရိုး အနိုင်ရရှိမှုအပေါ် အောင်ပွဲခံနေသည့် ပြည်သူများ


မဲရလဒ်ကို မကြေညာမီ နိုင်ငံမှာ ဆယ်စုနှစ် ၂ ခုကျော်အတွင်း မကြုံဖူးတဲ့ အခြေအနေအပေါ် တည်ငြိမ်စွာတုံ့ပြန်ကြဖို့ ပြည်သူတွေကို ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက မေတ္တာရပ်ခံခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဘာရိုးက မဲအရေအတွက် ၂၆၃,၅၁၅ (၄၅ ရာခိုင်နှုန်း) ရရှိခဲ့ပြီး သမ္မတဂျမားက မဲအရေအတွက် ၂၁၂,၀၉၉ (၃၆.၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အခြားတစ်ဦးဖြစ်တဲ့ မာမာကင်ဒါကတော့ မဲအရေအတွက် ၁၀၂,၉၆၉ (၁၇.၈ ရာခိုင်နှုန်း) ရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC, The Guardian, Aljazeera, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ