International News: တရုတ်ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲဖြစ်ပွားပြီး အနည်းဆုံး ၁၇ ဦးသေဆုံး

၃၀ ကျော်လောက် ပိတ်မိနေပါသေးတယ်။

play

 

ယနေ့ (ဒီဇင်ဘာ ၃ ရက်) ညနေပိုင်းက တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ၁၇ ဦး သေဆုံးကာ ၃၆ ဦး ပိတ်မိနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဆင်ဟွာသတင်းမှာ ဖော်ပြချက်အရ မွန်ဂိုလီးယားဒေသ၊ ချီဖန်မြို့ရှိ Baoma Mining ကုမ္ပဏီပိုင် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းခွင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

play

အခင်းဖြစ်ပွားစဉ်မှာ အလုပ်သမား ၁၀၀ ကျော် ရှိနေပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ ပိတ်မိနေသူတွေကိုတော့ ဒေသခံအစိုးရက ကယ်ဆယ်ရှာဖွေရေးတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံတွင်းက တူးဖော်ရေးလုပ်ငန်းတွေဟာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ဖြစ်ပွားတဲ့တူးဖော်ရေးလုပ်ငန်းခွင်များအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

Source : Fox News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ