International News: အင်ဒိုနီးရှား ရဲတပ်ဖွဲ့လေယာဉ်တစ်စီး ပျံသန်းရင်းပျောက်ဆုံးနေ

လေယာဉ်ပျောက်ဆုံးရာနေရာအနီးမှာတော့ အ၀တ်စတွေနဲ့ အစိတ်အပိုင်းတွေကို တွေ့ရတယ်လို့ ငါးဖမ်းနေသူတွေက ပြောပါတယ်။

play
M28 Skytruck အမျိုးအစား လေယာဉ်တစ်စီး

 

အင်ဒိုနီးရှားနိုင်ငံရဲ့ ရဲတပ်ဖွဲ့ လေယာဉ်တစ်စီးဟာ ယနေ့မနက် စင်ကာပူစံတော်ချိန် ၁၀ နာရီ ၂၄ မိနစ်က ပန်ကယ်ပီနန်းမြို့မှ Batam ကျွန်းကို ထွက်ခွာလာစဉ် လမ်းမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ စင်ကာပူလေကြောင်းထိန်းချုပ်ရေးနဲ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၂ မိနစ်မှာ နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီး ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

play

 

အဆိုပါရဟတ်ယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် M28 Skytruck အမျိုးအစား လေယာဉ်ဖြစ်ပြီး လူ ၁၂ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားရော စင်ကာပူဘက်ကပါ ရှာဖွေရေးတွေ လုပ်ဆောင်နေပြီး ပျောက်ဆုံးလေယာဉ်ဟာ ရေထဲကိုပျက်ကျသွားတာဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့ဘက်က ခန့်မှန်းထားပါတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ