International News: အရက်သောက်တဲ့သမီးကို ရိုက်နှက်ဆုံးမတဲ့မိခင် ထောင်ချခံရ

သမီးရင်းဖြစ်လင့်ကစား လူမြင်ကွင်းမှာ အပြင်းအထန်နာကျင်အောင် နှိပ်စက်လို့မရပါဘူး။

play

 

အသက် ၃၇ နှစ်အရွယ် ဗြိတိန်သူ ဟယ်လင် ပရော့တာဟာ သမီးဖြစ်သူ ရိုက်နှက်ဆုံးမတဲ့အတွက် ထောင်ဒဏ် ၁၁ လ ကျခံရတော့မှာပါ။ သူမရဲ့ သမီးဟာ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။ နိုက်ကလပ်မှာ အရက်သောက်နေတဲ့သမီးကို မြင်သွားတဲ့ ဟယ်လင်က ရိုက်နှက်ကန်ကျောက်ခဲ့လို့ သမီးဖြစ်သူရဲ့ခြေထောက်မှာလည်း အညိုအမည်းစွဲသွားရတယ်လို့ သိရပါတယ်။

သမီးဖြစ်သူက အရွယ်မရောက်မီ နိုက်ကလပ်သွားပြီး အရက်သောက်နေတာကို ရှက်လွန်းလို့ ဒေါသထွက်ပြီး ရိုက်နှက်ခဲ့မိကြောင်း ဟယ်လင်က ရုံးတော်မှာ ထွက်ဆိုပါတယ်။ ဒါပေမဲ့ သူမရဲ့ရိုက်နှက်ထုထောင်းမှုကြောင့် သမီးဖြစ်သူမှာ နာကျင်ဒဏ်ရာရခဲ့ပြီး လူမြင်ကွင်းမှာ နှိပ်စက်တဲ့အတွက် ရုံးတော်က ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ